Type Here to Get Search Results !

Credit or Debit card များနှင့် လုံခြုံမှု

e-mail တွေအကြောင်းနဲ့ အသုံးဝင်မှုအကြောင်းတွေကို ကျွန်တော်တို့ အလျဉ်းသင့်သလို မကြာခဏ ပြောဖြစ်တယ်။ ဒီမှာလည်း ဆက်စပ်ပြောစရာရှိလာတဲ့အတွက် ထည့်ပြောပါဦးမယ်။ ကိုယ်သုံးတဲ့ e-mail အနည်းဆုံးတခု လက်ကိုင်ထားတယ်ဆိုတာ အလကားသက်သက်မဟုတ်ပါဘူး၊ အခြား စာပို့၊ file ပို့တာတွေ ဒီမှာ ထားလိုက်ပါတော့။ ကျွန်တော့်တို့ Bank တွေနဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါ Bank က E-mail Address တောင်းပါတယ်။ ကိုယ်သုံးနေကျ E-mail ကို ပေးရတာပါ။ ဘာကြောင့်တောင်းသလဲဆိုတာ ကိုယ့်ရဲ့ Bank Account လုံခြုံရေးနဲ့ ဘဏ်ရှင်းတမ်းတွေကို အမြဲ update ရရှိဖို့အတွက်ဖြစ်ပါတယ်။ ကိုယ့် Bank Acc ထဲက ငွေဝင်ငွေထွက်တွေကို E-mail ထဲကို ပို့ပေးပါတယ်။ တလတခါ ဘဏ်ရှင်းတမ်းတွေကိုလည်း ကိုယ့် E-mail ကို ပို့ပေးတယ်၊ ဒါကိုကြည့်ပြီး ကိုယ့် Bank Acc ထဲက ငွေတွေ ကိုယ်မသုံးဘဲနဲ့ ထွက်နေတယ်ဆိုရင် ချက်ချင်းသိနိုင်တယ်။ Credit card, Debit card, Ecommerce card တွေနဲ့ payment လုပ်တဲ့အခါမှာ ဒါဟာ သိသာတယ်။

ဥပမာ- ကျွန်တော် အွန်လိုင်းကနေ ပစ္စည်းတခုခုဝယ်တယ်၊ ဒါမှမဟုတ် Facebook Advertisement ကို Debit card နဲ့ ငွေချေလိုက်တယ်ပေါ့။ ကိုယ့် card ထဲက ငွေဖြတ်သွားတာနဲ့ ချက်ချင်းဘဏ်က ကိုယ့်ဖုန်းနဲ့ e-mail ဆီကို ငွေဖြတ်သွားကြောင်း အကြားကြားတယ်။ SMS & Mail ပို့ပေးတယ်။ အကယ်၍ ဒါဟာ ကိုယ်တကယ်သုံးတာ ဟုတ်မဟုတ် ဘဏ်က အသိပေးတာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘဏ်ကဒ်ပျောက်သွားတာ၊ သို့မဟုတ် Security code ကို သူတပါးက သိလို့ ကိုယ့် Acc ကို ယူသုံးတာမျိုးဖြစ်ခဲ့ရင် သိနိုင်အောင်လို့ ကိုယ့် Bank acc ထဲက ငွေတွေ ယူသုံးမခံရအောင် အသိပေးတာပါ။ (Security code ကိုနောက်ပိုင်း ဆက်ပြောပါမယ်) ဒါဆို email ကို ဘာကြောင့် ထည့်သွင်းရသလဲဆိုရင် သိလောက်ပါပြီ။ Credit card ဆိုလည်း ဒီတိုင်းပါပဲ။ ကိုယ့်ရဲ့ credit card ကို ကိုယ်မဟုတ်ဘဲ အခြားတယောက်က အသုံးပြုတယ်ဆိုရင် သိနိုင်အောင် ဖုန်း sms နှင့် mail ပို့ပြီး Alert လုပ်ပါတယ်။ ကိုယ်မသုံးဘဲနှင့် အသုံးပြုခံရတယ်ဆိုရင် ချက်ချင်းသိပြီး ဘဏ်ကို အကြောင်းကြား၍ ပိတ်နိုင်အောင်ဖြစ်ပါတယ်။ ဒီနေရာမှာ စပ်မိလို့ ပြောရရင် ဘဏ်ကို ပေးတဲ့ ဖုန်းနံပါတ်ဟာ တကဒ်ပြီးတကဒ်ပြောင်းသုံးတဲ့ ဖုန်းနံပတ်ဖြစ်လို့ မရဘူး။ ကိုယ်အမြဲသုံးတဲ့ ဖုန်းနံပါတ်၊ ကိုယ့်ရဲ့ နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ဖုန်းနံပါတ်ကိုသာ သုံးပါ။ ကိုယ် ပေးခဲ့တဲ့ဖုန်းနံပါတ်ကလည်း ပျက်၊ ကိုယ့်ကဒ်ကိုလည်း သုံးနေတာကို SMS ပို့တာကို မသိဘူးဆိုရင် သုံးထားတာတွေ ကိုယ်ပဲ ဆပ်ရမှာပါ။ ကိုယ့်ရဲ့ ကဒ် ကျပျောက်တယ်၊ သို့မဟုတ် အခိုးခံရတယ်ဆိုရင်လည်း ဘဏ်ကို အကြောင်းကြားပြီး ချက်ချင်းပိတ်ပါ။ မသမာတဲ့လူလက်ထဲရောက်သွားရင် အသုံးချခံရနိုင်ပါတယ်။
Ecoomerce card, Visa card တွေကိုင်ထားတယ်ဆိုရင် ကဒ်ကို ဂရုစိုက်ဖို့နဲ့ security code ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ကဒ်ကို နမော်နမဲ့ထားတာ၊ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်တာမျိုး မလုပ်သင့်ပါဘူး။ သူ့မှာ security code ပါဝင်ပါတယ်။ Card No. ကိုတော့ ကျွန်တော်တို့ သိပြီးသာ ကဒ်မျက်နှာစာ စာလုံးကြီးကြီးရေးထားတာ Card No. နောက်မျက်နှာစာမှာတော့ security code ကိုရေးထားပါတယ်။ အကယ်၍ online ပေါ်ကနေ ငွေချေမယ်၊ ကိုယ့်ရဲ့ Credit/Debit card နဲ့ ချိတ်ဆက်မယ်ဆိုရင် အဲဒီ code ကို ရိုက်ထည့်ပေးရပါတယ်။ CVV code သို့မဟုတ် security code လို့ ခေါ်ပါတယ်။ Card No. နဲ့ CVV ထည့်လိုက်ရင် ကိုယ့် card နဲ့ ချိတ်ဆက်ပြီးသားဖြစ်ပြီး ငွေဖြတ်စရာရှိတဲ့အခါ ဖြတ်သွားပါမယ်။ ငွေဖြတ်တဲ့အခါ ကိုယ့်ဖုန်းနဲ့ E-mail ဆီကို အသိပေးပါတယ်။ ဒါကြောင့် အပေါ်မှာ e-mail နဲ့ ဖုန်းနံပါတ် အရေးကြီးမှုကို ဖော်ပြရခြင်းဖြစ်ပါတယ်။ ကိုယ် ပေးခဲ့တဲ့ e-mail က ကိုယ်သုံးနေကျလည်း မဟုတ်ဘူး၊ ဖုန်းကို အသိပေးတဲ့ sms ကိုလည်း သေချာမကြည့်ဘူးဆိုရင် ကိုယ့်ဘဏ်ထဲက ဖြတ်တောက်နေမှုကို သိမှာမဟုတ်ပါဘူး။ Prepaid card လို ထည့်ပြီးမှ သုံးရတဲ့ ကဒ်မျိုးဆို ကိုယ်ထည့်ထားသလောက်လေးပဲ ပါသွားတာ အကြောင်းမဟုတ်ပေမယ့် Credit လိုမျိုး အတိုးနဲ့ပေးရတာမျိုးဆို အရင်းရောအတိုးရော ရှင်းရပါမယ်။ ဒါကြောင့် ဘဏ်အကောင့်ဖွင့်တဲ့အခါ သို့မဟုတ် Credit/Debit card တွေလုပ်တဲ့အခါမှာ ဘဏ်ကို E-mail နဲ့ ဖုန်းနံပတ်တွေကို ဖြစ်သလို မပေးပါနဲ့။ ကိုယ်ကိုင်နေကျ အသုံးပြုနေကျ လိပ်စာနဲ့ နံပတ်တွေသာ ပေးပါ။
ကိုယ့်ရဲ့ Credit/Debit card တွေကို ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်မတင်ပါနဲ့။
Card ကျပျောက်ခြင်း/အခိုးခံရခြင်း ဖြစ်ပေါ်ပါက ဘဏ်ကို ချက်ချင်းအကြောင်းကြားပြီး ပိတ်ပါ။
အကယ်၍ မတော်တ ကိုယ်က သူတပါးရဲ့ ကဒ်ကို ကောက်ရလို့ ပြန်ပေးဖို့အတွက် လိုင်းပေါ်တင် ကြေညာပေးမယ်ဆိုရင်လည်း နံပတ်တွေကို ဖျောက်ပြီးမှ ကြေညာပေးပါ။ မဟုတ်ရင် စေတနာက ဝေဒနာဖြစ်သွားနိုင်ပါတယ်။
အောက်ပါပုံတွေက နမူနာပြရန် Google ထဲ ရှာဖွေလာခြင်းဖြစ်ပါတယ်။





သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.