Type Here to Get Search Results !

About me

         ကျတော် သူရိန်ပါ။ ဘဝအတွေ့အကြုံ စိတ်ကူးများကို မှတ်သားရာ မျှဝေရာအဖြစ် ဒီ Blog လေးကို အစပြုခဲ့တာဖြစ်ပါတယ်။ ကြုံတွေ့ခဲ့သော ဘဝအတွေ့အကြုံများ ဖြစ်ချင်ခဲ့သော ဆန္ဒများ ဘဝအိပ်မက်များကို ပုံဖော်ရင်း ဖြစ်ခဲ့တာတွေ ရှိသလို မဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ တချို့အရာတွေက အမှတ်တရဖြစ်သွားတယ်၊ တချို့အဖြစ်အပျက်တွေက မှတ်တမ်းဖြစ်သွားတယ်၊ တချို့ကြုံတွေမှုတွေက ရင်မောစရာတွေဖြစ်ခဲ့သလို သင်ခန်းစာတွေ ဖြစ်ခဲ့တာပေါ့။ ဘဝအဖြစ်အပျက်တွေဆိုတာ လူထဲက လူ အားလုံးကြုံတွေ့ရတဲ့ အရာတွေပဲ။ ကျတော်လည်း ကြုံရမယ်၊ မိတ်ဆွေလည်း ကြုံရမယ်။ အားလုံးကြုံရမယ်။ ပျော်ကြရမယ်၊ ငိုကြရမယ်၊ နောက်တခု နောက်တခါ ကြုံဦးမယ်။ ဒီလိုပဲ ရှေ့ဆက်နေကြရတယ်။ ဒီ Blog လေးမှာ ကျတော်ကြုံရတာတွေ၊ တွေးမိတာတွေကို ဖတ်မိ၊ နားလည်မိတာတွေကို မှတ်စုအဖြစ်၊ ပြန်ကြည့်စရာအဖြစ် ရေးသွင်းထားပါတယ်။ ဒီ Blog လေးမှာတော့ ကျတော်တွေးမိ ရေးမိတာတွေ ရှိပါမယ်။ ကျတော် ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကိုတော့ SYNERGY မှာ ကြည့်လို့ရပါတယ်။ Facebook မှာဆိုရင်တော့ Thurein မှာ ကြည့်နိုင်ပါတယ်။

ဘဝမှာ ကြုံတွေ့ရသမျှတွေဟာ အမှတ်တရတွေပါပဲ


သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.