Type Here to Get Search Results !

ကျောင်း


ကျောင်း

စာသင်ကျောင်းတဲ့
သူကား အိုဟောင်းနှစ်တွေပြောင်းလဲ
မပြောင်းမလဲ နုပျိဆီးကြိုနေသေးတယ်..
သူ့ရင်ခွင်မှာ စွယ်တော်ပင်နဲ့ ကံ့ကော် စိန်ပန်း ရောင်စုံလန်းလို့
ရွှင်လန်းတက်ကြွနေသေးတယ်...
သူ့အသံက ချိုချိုလွင်လွင် စာတွေသင်လို့
သူ့သဏ္ဌာန်က ဖြူ ဖြူစိမ်းစိမ်း တည်ငြိမ်ဟန်နဲ့ 
လှပတင့်တယ် နေသေးတယ်...
ဘယ်သူလာလာ အပြုံးမပျက်
အဆုံးမသတ်တဲ့ သူ့ဒိုင်ယာရီမှာ
အမှတ်တရတွေနဲ့
'ကျောင်း'
သူက "စာသင်ကျောင်း"တဲ့...

သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.