Type Here to Get Search Results !

ကမ္ဘာကြီးဖျားနေပြီ

ကမ္ဘာကြီး အမှန်တကယ်နေပြန်ကောင်းလာမှာလား။
ကမ္ဘာကြီးမှာ ကပ်ရောဂါတွေကျတယ်။
အပူချိန်သိသိသာသာမြင့်တက်လာတယ်။
လေထုညစ်ညမ်းမှု စိုးရိမ်အဆင့်ဖြစ်လာတယ်။
မုန်တိုင်းတိုက်ခတ်မှုတွေ သဘာဝဘေးအန္တရာယ်တွေများလာတယ်။
တချို့နေရာမှာ ရေတွေ ကြီးပြီး ‌တချို့နေရာမှာ ရေတွေ ခမ်းခြောက်နေပြီ။
ကမ္ဘာကြီး ဖျားနေပြီ။ ကမ္ဘာမှာ ဝေဒနာတွေ ရောဂါတွေ အထပ်ထပ်ဖြစ်နေပြီ။
လူသားတွေ ထုတ်လုပ်သုံးစွဲမှုကနေ ထွက်ရှိလာတဲ့ ပလပ်စတစ်တွေက မြစ်ချောင်းတွေနဲ့ သမုဒ္ဒရာတွေမှာ နေရာယူနေပြီ။
ကားတွေ၊ ယန္တယားတွေ၊ စက်ရုံတွေက ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုင်ဒ်နဲ့ အဆိပ်ဓာတ်တွေက အိုဇုန်းလွှာကို ထိုးဖောက်နေပြီ။
တောင်တန်း‌တွေ၊ တောင်ကုန်းတွေဟာ လူသားတွေ ဖြိုချ၊ ဖောက်ခွဲမှုကြောင့် တဖြည်းဖြည်း ပျောက်ဆုံးနေပြီ။
သစ်တောသစ်ပင်တွေဟာ လူ‌သားတွေရဲ့ အတိုင်းအဆမရှိ ခုတ်ထွင်မှုကြောင့် တစတစ နည်းပါးလာပြီ။
အင်းဆက်ပိုးမွှားတွေဟာ လူသားတွေ ဖန်တီးထားတဲ့ ပိုးသတ်ဆေးတွေကြောင့် မျိုးတုန်းလာတယ်။
အင်းဆက်တွေကို စားသောက် အသက်ရှင်ရတဲ့ ငှက်တွေ မျိုးတုန်းပျောက်ကွယ်လာတယ်။ ဂေဟစနစ်တွေ ပျက်ယွင်းကုန်တယ်။

သစ်တောတွေ မရှိတော့တဲ့အခါ တောနေသတ္တဝါတွေ ပျောက်ကွယ်ကုန်တယ်။
လေကွယ်ရာ သစ်ပင်တောင်တန်းတွေ မရှိတော့တဲ့အတွက် လေမုန်တိုင်းတွေ ပိုမိုပြင်းထန်လာတယ်။ ရေစီးကို ထိန်းမယ့် သစ်ပင်တွေ မရှိတော့တာကြောင့် ရေတွေကြီးလာတယ်။ အပူချိန်ကို ထိန်းပေးနိုင်မယ့် သစ်တောတွေ မရှိတေ့တာကြောင့် အပူချိန်တွေ တက်လာမယ်။ ရေခဲတောင်တွေ အရည်ပျော်လာတယ်။ ရာသီဥတုတွေ ဖောက်ပြန်လာမယ်။
လူသားတွေ စွန့်ပစ်တဲ့ ပလပ်စတစ်နဲ့ ဓာတုဆေးဝါးတွေကြောင့် ချောင်းရေ၊ မြစ်ရေတွေဟာ အဆိပ်သင့်လာမယ်။ ပလပ်စတစ်တွေ များပြားပိတ်ဆို့လာတဲ့အခါ ရေလျှံမယ်။ မြေကြီးထဲ ရောက်သွားတဲ့အခါ အပင်တွေ သေမယ်။ သမုဒ္ဒရာတွေထဲ ရောက်တဲ့အခါ ရေနေသတ္တဝါတွေအတွက် အန္တရာယ်ဖြစ်မယ်။ အဲဒီအန္တရာယ်က ရေနေသတ္တဝါမျိုးစိတ်တွေကို တစတစ ဖျက်ဆီးနေပြီ။
ကမ္ဘာကြီး ဖျားနေပြီ။ လူသားတွေရဲ့ အတိုင်းအဆမရှိ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးဖျားနေပြီ။
ဂေဟစနစ်တွေ ပျက်ယွင်းနေပြီ။ ရာသီဥတုတွေ ဖောက်ပြန်ကုန်ပြီ။ အပူချိန်တွေ မြင့်တက်နေပြီ။ လေထုညစ်ညမ်းမှုက စိုးရိမ်စရာဖြစ်လာပြီ။ သဘာဝဘေးအန္တရာယ်တွေကို ခပ်စိပ်စိပ်ရင်ဆိုင်လာရပြီ။
ဒါပေမယ့် သစ်ပင်တွေကို အတိုင်းအဆမရှိ ခုတ်တာကို မရပ်ကြသေးဘူး။ တောင်တွေဖြိုတာကို မရပ်ကြသေးဘူး။ ပလပ်စတစ်တွေ ဘီလီယံနဲ့ချီ သုံးစွဲစွန့်ပစ်တာကို မရပ်ကြသေးဘူး။
ကမ္ဘာကြီး ဖျားနေပြီ။ ကမ္ဘာကြီးရဲ့ ခုခံအားစနစ်တွေ ပျက်ယွင်းနေပြီ။ လူသားတွေရဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေ မရပ်သရွေ့ ပိုမိုဆိုးရွားပြီး ကြောက်စရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်တွေ လာဦးမယ်။ လူသားဗိုင်းရပ်ကြောင့် ကမ္ဘာဟာ ဖျားနာနေရပြီ။
သူရိန်
ပုံ-အင်တာနက်









Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.