Type Here to Get Search Results !

Google ၏ အသုံးဝင်မှုများ (၂)

Google ရဲ့ Youtube အကြောင်းလေးကို ဆက်ကြရအောင်

Youtube ဆိုတာက American video-sharing Platform တခုဖြစ်ပြီး ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖန်တီးခဲ့တဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ Google က youtube ကို ကန် ၁.၆၅ ဘီလီယံ နဲ့ ဝယ်ယူခဲ့ပါတယ်။ ခုချိန်မှာ Youtube ဟာ Google လက်အောက်ခံ လုပ်ငန်း တခုအဖြစ် လည်ပတ်နေပါတယ်။ ၂၀၁၉ ခုနှစ်မှာ Youtube ရဲ့ ဝင်ငွေဟာ ကန်ဒေါ်လာ ၁၅ ဘီလီယံ ရှိပါတယ်။
Youtube ဟာ Video-sharing platform တခုဖြစ်တာကြောင့် သူ့အပေါ်မှာ video မျိုးစုံရှိပါတယ်။ သင်ကြားရေး၊ ဒီဇိုင်း၊ ဘာသာစကား၊ ရုပ်ရှင်၊ သီချင်း၊ ဂီတစသဖြင့် အစုံရှိပါတယ်။ လူပေါင်း သန်း ၁၃၀ ကျော်က Youtube ကို အသုံးပြုနေကြပြီး တမိနစ်တိုင်းမှာ နာပေါင်း ၃၀၀ စာလောက်ပမာဏရှိတဲ့ ဗီဒီယိုတွေကို upload တင်လျက်ရှိပါတယ်။ ညတညမှာကိုပဲ ၅ ဘီလီယံပမာဏရှိတဲ့ ဗီဒီယိုတွေကို ကမ္ဘာ့အနှံ့အပြားကနေ ကြည့်ရှုလျက်ရှိကြပါတယ်။
Account ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ Youtube ပေါ်က Video တွေကို ကြည့်နိုင်ပါတယ်။
Google user တယောက်ဟာ youtube ကို သုံးနိုင်တယ်။ Video တွေကို upload တင်နိုင်တယ်။ Monetization program နဲ့ ချိတ်ဆက်ပြီး ဝင်ငွေရှာနိုင်တယ်။
ကိုယ်ပိုင် ဒီဇိုင်းဆွဲသူတွေ၊ ဂီတဝါသနာပါသူတွေ၊ ကုန်ပစ္စည်းထုတ်လုပ်သူတွေပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ထုတ်ကုန် သို့မဟုတ် ဖန်တီးမှုကို Video လေးတွေနဲ့အတူ Youtube အပေါ်မှာ ပြသနိုင်ပါတယ်။ ကိုယ်က သင်ကြားရေး ဝါသနာပါတယ်ဆိုရင်လည်း သင်ကြားရေး အထောက်အကူပြု Video လေးတွေ ဖန်တီးပြီး Youtube ပေါ်မှာ Sharing လုပ်လို့ရပါတယ်။ အဲဒီလို Video လေးတွေ sharing လုပ်ပြီဆိုရင် subscriber 1000 နဲ့ ကြည့်ရှု့သူ နာရီ ၄၀၀၀ ပြည့်သွားတဲ့အခါ Monetization program နဲ့ ချိတ်ဆက်ပြီး ကြေညာလုပ်ငန်းကတဆင့် ဝင်ငွေပြန်ရပါတယ်။
Youtube က Video-platform တခုဖြစ်တာနဲ့အညီ Video တွေနဲ့ ပတ်သက်ပြီး သေသေချာချာ စီမံပေးထားပါတယ်။ Account log in မဝင်ဘဲ ဒီတိုင်းကြည့်တာထက် log in ဝင်ပြီး ကြည့်တာကို ပိုကောင်းတယ်။ History မှာ ကိုယ့်အတွက် အသုံးဝင်တဲ့ ကိုယ်ကြည့်ထားတဲ့ Video တွေကို အလွယ်တကူ ပြန်ရှာလို့ရတယ်။ Video ကိုတွေကို သင်ကြားရေး၊ ဝါသနာ စသဖြင့်ပေါ့ playlist တွေခွဲပြီး သိမ်းထားလို့လည်း ရတာကြောင့် လိုအပ်တဲ့အချိန်မှာ ပြန်ကြည့်နိုင်တယ်။ ကိုယ်က ဖန်တီးရတာ ဝါသနာပါတယ်ဆိုရင်လည်း ကိုယ်ဝါသနာပါတဲ့ သင်ကြားရေးလား၊ ချက်ပြုတ်ရေးလား၊ ဘာသာစကားလား ကိုယ်နှစ်သက်ရာကို ဗီဒီယိုလေး လုပ်ပြီး Youtube ပေါ်တင်ပေးမယ်ဆိုရင် ကျန်တဲ့လူတွေကလည်း ကိုယ့် Video ကို အလွယ်တကူ ဝင်ကြည့်နိုင်မယ်။ Category တွေလည်း ခွဲထားလို့ရတာကြောင့် for kids, Education, Learning, Science စတာတွေကို အမျိုးအစားအလိုက် ခွဲထားပေးပါတယ်။
Youtube ပေါ်မှာ ဗီဒီယိုတင်တဲ့အခါ အလေးထားဖို့က မူပိုင်ခွင့်ဖြစ်ပါတယ်။ ကိုယ့် မူပိုင်ခွင့်မရှိတဲ့ ဗီဒီယိုကို တင်တဲ့အခါ သတိထားရပါမယ်။ မူပိုင်ခွင့်မရှိတဲ့ Video ကို တင်မယ်ဆိုရင် Copyright notice ဆိုပြီး Youtube က အသိပေးပါတယ်။ Copyright မှာ နောက်ခံတီးလုံး၊ တစိတ်တပိုင်းဖြစ်ဖြစ် ဗီဒီယိုတခုလုံးဖြစ်ဖြစ်၊ ဓာတ်ပုံ၊ ဗီဒီယိုအပိုင်းအစ အားလုံးပါဝင်ပါတယ်။ အဲဒီလို အခြားလူတဦး မူပိုင်ခွင့်ရှိတဲ့ ဓာတ်ပုံ၊ ဗီဒီယိုအပိုင်းအစ၊ တီးလုံး စတာတွေ ကိုယ်တင်တဲ့ ဗီဒီယိုထဲမှာ ပါလာခဲ့ရင် Copyright notice ဆိုပြီး အသိပေးမှာဖြစ်ပါတယ်။
Youtube မှာ Volunteer အဖြစ်လုပ်ဆောင်နိုင်တာကတော့ ဘာသာပြန်တာပဲ ဖြစ်ပါတယ်။ သင်ကြားရေးအထောက်အပြု သင်ခန်းစာဗီဒီယိုတွေ၊ ရုပ်ရှင်တွေကို Subtitle မှာ စာတန်းထိုးပြီး အများဖတ်ရှုနိုင်ဖို့အတွက် ဝင်ရောက် ကူညီပေးးနိုင်ပါတယ်။ ကိုယ့်ရဲ့ ဘာသာစကားကိုဖြစ်ဖြစ် အခြားကိုယ်နားလည်ရာ ဘာသာစကားကိုဖြစ်ဖြစ် ဘာသာပြန် စာတန်းထိုးမှာ ဝင်ရောက် ကူညီလို့ရပါတယ်။
Youtube မှာ subscriber 1000 ပြည့်သွားတဲ့အခါ post တင်ခွင့်ရရှိပါတယ်။ facebook မှာဆိုရင်တော့ status ပေါ့်။ Post တင်နိုင်မယ်၊ ဆွေးနွေးနိုင်မယ်။
Youtube မှာ Video တွေကို live stream တင်လို့ရပါတယ်။ schedule သတ်မှတ်ပြီးလည်း တင်နိုင်ပါတယ်။
ပြောရမယ်ဆိုရင် Youtube ဟာ ကိုယ်ဖန်တီးထားတဲ့ ဒီဇိုင်းဖြစ်ဖြစ် အနုပညာလက်ရာဖြစ်ဖြစ်၊ ကုန်ပစ္စည်းပဲဖြစ်ဖြစ် စတာတွေကို မိတ်ဆက်ခင်းကျင်းပြသရာ နေရာကောင်းဖြစ်သလို လေ့လာသင်ယူမယ်ဆိုရင်လည်း ဘာသာစကားတွေ အဆင်မြင့်ပညာရပ်တွေ၊ ချက်နည်းပြုတ်နည်း၊ ပုံဆွဲ၊ ထူးဆန်းအံ့ဖွယ် ဖြစ်ရပ်တွေကို Video တွေအဖြစ် လေ့လာသင်ကြား ကြည့်ရှုနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။
ကိုယ့်ဖန်တီးမှုကို ပြသရာ သို့မဟုတ် ကိုယ့်အတွက် သင်ယူစရာတွေ လေ့လာစရာတွေ ရရှိရာနေရာတခုလည်း ဖြစ်ပါတယ်။
Google user တိုင်း Youtube ကို အလွယ်တကူ log in ဝင်ရုံပါပဲ။

ဆက်ရန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.