Type Here to Get Search Results !

Google ၏ အသုံးဝင်မှုများ (၁)

Google မှာ ကျွန်တော်တို့အတွက် အသုံးဝင်တာတွေ အသုံးတည့်တာတွေ အများကြီးပဲ၊
Google search က စလို့ classroom, youtube, blogger, translate, Docs, Sheet, Slide, Jamboard, Map အစုံပါပဲ။
Google Docs, Google sheet တို့ဆိုတာကလည်း Browser or app တွေကနေ အလွယ်တကူ ဝင်ရောက်ရေးမှတ် သိမ်းဆည်းလို့ရပြီး ကိုယ် Sharing လုပ်ချင်တဲ့ လူတဦး သို့မဟုတ် အများ ဒါမှမဟုတ် Public ပေးနိုင်တယ်။ ကိုယ်က Access ပေးထားတဲ့လူတွေကလည်း အလွယ်တကူ ဝင်ကြည့်လို့ရပြီး ရယူသိမ်းဆည်းနိုင်တယ်။ Print ထုတ်နိုင်တယ်။ Docs, တွေ Sheet တွေဆိုတာ Messenger တွေထဲမှာ စာရိုက်တဲ့ Conversation တွေ statue တွေနဲ့ မတူပါဘူး။ Status တခု Conversation တခုကို ကျွန်တော်တို့ print ထုတ်ရယူချင်ရင် screenshot ရိုက်ရင်ရိုက် မဟုတ်ရင် စာသားတွေကို copy ယူ Word ထဲစု ပြီးမှ print ထုတ်ရတယ်။ Docs တို့ Sheet တို့မှာတော့ PDF အနေနဲ့ပဲ ယူယူ၊ word or excel file အနေနဲ့ပဲ သိမ်းသိမ်း လိုသလို သုံးနိုင်တယ်။ သူတို့မှာ Live chat တွေ comment တွေလည်းပါဝင်တယ်။ စာရင်းတခုကို တယောက်က ဖြည့်နေတယ်ဆိုရင် အချက်အလက်တွေပတ်သက်ပြီး တဘက်ကလူက မှန်တယ်မှားတယ် ကြည့်နိုင်မယ်။ Chat ကနေ ပြောလို့ရမယ်။ Comment အနေနဲ့လည်း ရေးလို့ရမယ်။ စာရင်းတခုကို နောက်ဆုံးအခြေအနေ update လုပ်ပြီးတာနဲ့ ကိုယ် Access လုပ်ထားရာလူတွေ သို့မဟုတ် Public မှာလည်း နောက်ဆုံး update ဖြစ်တဲ့ စာရင်းအခြေအနေကို မြင်ရမယ်။ Docs ထဲမှာလည်း ဒီအတိုင်းပဲ၊ နောက်ဆုံး တည်းဖြတ်ထားတဲ့ update ကို တဘက်လူတွေက အလွယ်တကူ ကြည့်နိုင်တယ်။ စာတခါပြင်လိုက် နောက် file နဲ့ တခါ ထပ်ပို့လိုက် လုပ်စရာမလိုဘူး။ တကယ်လို့ အတူတူ update ဖြစ်ဖို့အတွက်ဆိုပြီး Account တခုတည်းကိုပဲ မျှသုံးပြီး ကွန်ပျူတာ ၂ လုံး ၃ လုံး သို့မဟုတ် ဖုန်း ၃၊ ၄ လုံးမှာ ဒီအကောင့်တခုတည်းကိုပဲ တပြိုင်တည်းအသုံးပြုမယ်ဆိုရင် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး၊ လေးမယ် အခန့်မသင့်ရင် အကောင့်ပါ lock ကျနိုင်တယ်။ အဲဒီတော့ အဲဒီလိုမလုပ်ပဲ ကိုယ့်အကောင့်နဲ့ကိုယ် Docs or Sheet လုပ်မယ်။ ပြီးတော့မှ Share မှာ permission ပေးမယ့် လူကို ထည့်လိုက်ရင် တဘက်ကလည်း အလွယ်တကူ ဝင်ကြည့်နိုင်ပြီးတော့ edit ပြုလုပ်ခွင့်ပါ ပေးထားရင် တဘက်က သူ့ဘာသူ ဆက်လုပ်ရုံပဲ။ စာတခါ ပို့လိုက် မဟုတ်လိုက် နောက်တခါ ပြန်ပို့လိုက်နဲ့ file တွေ များပြီး ဘယ်ဟာအမှန်မှန်း မသိတော့လောက်အောင် အလုပ်တွေရှုပ်တာထက် Docs, Sheet, Slide တွေ သုံးပြီး ဟိုဘက်ဒီဘက် ဖလှယ်တာ အကောင်းဆုံးပဲ။ တဘက်က ရိုက်နေ ဖြည့်နေတုန်းမှာ live chat နဲ့လည်း ဆွေးနွေးနိုင်တာကြောင့် တော်တော်အဆင်ပြေပါတယ်။ ရပြီဆိုရင် တဘက်လူက သူ့ဘာသူ print ထုတ်ယူရုံပဲ။ Microsoft Word, Excel တွေထဲမှာ ရိုက်ထားတာတွေကိုလည်း Docs, Sheet တွေပေါ် အလွယ်တကူ Copy/paste လုပ်နိုင်ပါတယ်။ စာရင်းတွေ update ပေးချင်ရင် နောက်ဆုံးစာရင်းအတွက် sheet တခုထားပြီး ဒီစာရင်းနဲ့ ပတ်သက်တဲ့လူတွေ သိသင့်တဲ့လူတွေကို share မှာ ထည့်ထားပြီး နောက်ဆုံးစာရင်းကို sheet မှာ update ထည့်သွားရုံနဲ့ ကျန်တဲ့လူတွေကို အချိန်မရွေး စာရင်းလက်ကျန်ကို သိနိုင်တာပေါ့။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်ဖြစ်စေ မှတ်စုဖြစ်စေ၊ သိမ်းဆည်းစရာ လိုအပ်တာတွေကိုလည်း Docs နဲ့သိမ်းဆည်းထားရင် စာရွက်မပါလို့ ကိုယ်ရေးအချက်အလက်မပါလို့ ဆိုတဲ့အခက်အခဲမရှိတော့ဘူး၊ ကိုယ့် အကောင့်ထဲဝင် ကိုယ်လိုချင်တာလေးတွေကို အချိန်မရွေး print ထုတ်ယူရုံပဲ။

ဆက်ရန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.