Type Here to Get Search Results !

Google Map

ဒီတခါ ဆက်မှာကတော့ Google Map အကြောင်းပဲဖြစ်ပါတယ်။
Google Map ကို အားလုံးသိကြသလို အသုံးပြုကြပါတယ်။ မြေပုံကြည့်ကြည့်၊ တည်နေရာကြည့်ခြင်း၊ လမ်းညွှန်ရှာခြင်း ၊မှတ်တိုင် ဘူတာရှာခြင်း စတာတွေမှာ Google Map ကို သုံးကြပါတယ်။ Google Map ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၈ မှာ စတင်လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဂြိလ်တုပုံ၊ နယ်နမိတ်ပုံ၊ 360° street view ၊ ယာဉ်ကြောအခြေအနေတွေကို ကြည့်ရှုဖို့ Google Map ကို သုံးနိုင်တယ်။
ဒါပေမယ့် Google Map ရဲ့ အသုံးဝင်မှုက မြေပုံကြည့်ခြင်း၊ ယာဉ်ကြောကြည့်ခြင်းတွေ အတွက်လောက်ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။ Google Map ရဲ့အသုံးဝင်မှုတွေ အများအပြားရှိပါတယ်။ ကိုယ်သွားရမယ့်နေရာကို လမ်းကြောင်းမသိတဲ့အခါ start point & destination point ပြပြီး သွားနိုင်တယ်။ လမ်းအကွာအဝေးအတိုင်းအတာကို တွက်ချက်ပေးနိုင်တယ်။ ယာဉ်ကြောအခြေအနေကိုပေါ်မူတည်ပြီး ကြာချိန်ကို ဖော်ပြပေးနိုင်တယ်။ ကိုယ်မရောက်ဖူးတဲ့နေရာတခုကို သွားမယ်ဆိုရင် ရောက်မရောက် အချက်ပြပေးဖို့ Alarm ထည့်သွင်းနိုင်တယ်။ ဒါဟာ တည်နေရာ လမ်းခရီး မြေပုံနဲ့ ပတ်သက်တာတွေပါ။ နောက်ထပ် ထူးခြားချက်တွေရှိပါတယ်။ Google Map ပေါ်မှာ ကိုယ့်ရဲ့ ဆိုင် သို့မဟုတ် လုပ်ငန်း စတာတွေကို ထည့်သွင်းထားလို့ရပါတယ်။ ကိုယ့်ရဲ့ ဆိုင် သို့မဟုတ် လုပ်ငန်းကို Google Map ပေါ်တင်ထားမယ်ဆိုရင် ကိုယ့်ရဲ့ ဖောက်သည်တွေက အလွယ်တကူ ရှာလို့ရမယ်။ ဆက်သွယ်လို့ရမယ်။ Direct call, Message တွေနဲ့ ဝန်ဆောင်မှုပေးပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်း၊ ထုတ်ကုန်တွေနဲ့ ပတ်သက်တာတွေကို တင်ထားခြင်းအားဖြင့် ကိုယ့်လုပ်ငန်းက ဘာလုပ်တာလဲ၊ ကိုယ့်ဆီမှာ ဘာတွေရနိုင်လဲ၊ ဘယ်လို ဝန်ဆောင်မှုတွေရှိသလဲဆိုတာကို Customer နဲ့ ကိုယ့်လုပ်ငန်းကြားမှာ အလွယ်တကူ ဆက်သွယ်နိုင်အောင် Google Map ကို သုံးနိုင်ပါတယ်။ ကိုယ့် ဆိုင် သို့မဟုတ် လုပ်ငန်းပေါ့ ဘယ်ချိန် ဖွင့်တယ်၊ ဘယ်ချိန်ပိတ်တယ်ဆိုတာကို ထည့်ထားလိုက်ရင် တဘက်လူက အလွယ်တကူကြည့်ပြီး ဆက်သွယ်ရုံပဲ။
နောက်တခုက Google Map မှာ ပုံတင်လို့ရပါတယ်။ ပုံတင်တယ်ဆိုတာ Social Media ပေါ်မှာတင်သလို၊ Selfie တွေ memo တွေ တင်သလိုမျိုးတော့ အကုန်တင်တာ မဟုတ်ဘူး။ ဆိုင်ဆိုဆိုင် လုပ်ငန်းဆိုလုပ်ငန်း၊ အပန်းဖြေနေရာဆို အပန်းဖြေနေရာပေါ့။ သူနဲ့သက်ဆိုင်တဲ့ ပုံတွေကို တင်ပြီး Review ပေးတဲ့ ပုံမျိုးပါ။ ဆိုင်ဆိုရင် ကိုယ့်ဆိုင်မှာ ဘာတွေရလဲ ဘယ်လိုဝန်ဆောင်မှုတွေရှိလဲ တင်နိုင်ပါတယ်။ နေရာဆိုရင်လည်း ဒီနေရာမှာ ဘယ်လိုလှတယ်၊ ဘယ်လိုသာယာတယ်ဆိုတာမျိုးကို တခြားလူတွေ ဝင်ကြည့်လို့ရအောင် တင်နိုင်တယ်။ ကိုယ့်ဆီမှာ ရနိုင်တဲ့အရာတွေကို Review တွေရေးပြီး ကိုယ့်လုပ်ငန်းကို ဖော်ပြထားလို့ရတယ်။ ကြေညာထားနိုင်တယ်။ အင်တာနက်ခေတ်ရောက်လာပြီး နည်းပညာကို အသုံးချလာတဲ့ခေတ်မှာ ကိုယ့်လုပ်ငန်းကို အခြားလူတွေက အလွယ်တကူ မြင်သာထင်သာ ကြည့်နိုင် ဆက်သွယ်နိုင်အောင် ပေါင်းကူးပေးနိုင်မယ့် နေရာကောင်းတခုဖြစ်ပါတယ်။ Google, Google Map, Google Business (၃)ခုကို ပေါင်းပြီး short name ပေးလို့ရပါတယ်။ short name ဆိုတာ facebook ပေါ်မှာဆိုရင်တော့ username ပေါ့။ ကိုယ်နဲ့ တူတာ မရှိတဲ့ ကိုယ့်ကို ကိုယ်စားပြုနိုင် အလွယ်တကူ ရှာနိုင်တဲ့ name တခုကို Google, Google Map, Google Business မှာ ကိုယ်စားပြု short name ထည့်ထားလိုက်ရုံနဲ့ ရှာချင်တဲ့သူက Google ပေါ်မှာ @shortname (example) လို့ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ်နဲ့ သက်ဆိုင်တာ အကုန်ဖော်ပြပေးပါတယ်။ ဟုတ်မဟုတ်သိချင်ရင် @synergyimages လို့ရိုက်ထည့်ကြည့်ပါ၊ ကျွန်တော် ရိုက်ထားတာလေးတွေ ဖော်ပြပေးပါလိမ့်မယ် :D)။ နောက်ဆက်သွယ်ရန် Direct call, Message, Website ရှိရင် Website, Facebook page, profile ကိုယ်နှစ်သက်ရာ ချိတ်ဆက်ထည့်သွင်းပြီး ဖော်ပြထားလို့ရပါတယ်။ ဒီနေရာမှာ Google Business နဲ့ပတ်သက်လို့ ပြောရရင် Google ရဲ့ Web service တမျိုးပါပဲ။ သူနဲ့ Google Map တွဲသုံးနိုင်တယ်။ Google Business ရဲ့ Design ကတော့ ရိုးရှင်းတယ်။ ကိုယ့်ရဲ့ လုပ်ငန်းဝန်ဆောင်မှုကို ဖော်ပြမယ်။ ထုတ်ကုန်တွေကို ဖော်ပြမယ်၊ Direct Call, Message တွေနဲ့ ဆက်သွယ်ပေးမယ်၊ တည်နေရာကို သိချင်ရင် သူ့မှာ ပြထားတဲ့ Direction ကိုနှိပ်လိုက်ရုံနဲ့။ ကိုယ့်လုပ်ငန်းတည်နေရာကို customer တွေ သိအောင် ဖော်ပြပေးတယ်။ Blogger လိုမျိုး Template Design ကို user defined တော့ လုပ်လို့မရဘူး။ Theme တွေတော့ ရွေးချယ်နိုင်တယ်။ သူလည်း အခမဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ အသုံးပြုသူက . business.site (web link) ပဲပေးပေး အပေါ်မှာ ဖော်ပြထားတဲ့ ကိုယ့်ကို အလွယ်တကူ ရှာနိုင်တဲ့ @username ပဲပေးပေး၊ Google မှာ ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ့်ဆိုင် သို့မဟုတ် လုပ်ငန်း၊ ထုတ်ကုန် ဝန်ဆောင်မှုတွေကို Google ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဆိုင်တွေ လုပ်ငန်းတွေတင်မဟုတ်ပါဘူး၊ ကျောင်း၊ အသင်းအဖွဲ့၊ ရုံး၊ အပန်းဖြေနေရာတွေကိုလည်း ဖော်ပြထားလို့ရပါတယ်။ ဒါဟာ Google Map ရဲ့ အသုံးကျမှု အသုံးဝင်မှုကို ကျွန်တော်အပေါ်ယံပဲ ရေးသွားတာပဲ ရှိပါသေးတယ်။ သုံးရင်သုံးသလိုအများကြီး အသုံးဝင်ပါတယ်။ နောက်ရှိပါသေးတယ်၊ ကိုယ်ဘယ်နေ့ ဘယ်အချိန်လောက်က ဘယ်နေရာကိုသွားတယ်ဆိုတာကို Google Map က မှတ်ထားတတ်ပါတယ်။ ပြီးရင် အဲဒီနေရာဟာ ဝန်ဆောင်မှုကောင်းရဲ့လား ဘာတွေရနိုင်လဲဆိုတာကို Review တောင်းပါတယ်။ နောက် Review လေးတွေကို နောက်လူတွေ ကြည့်လို့ရအောင်ဖော်ပြပေးတယ်။ Google Map အကြောင်းကတော့ ဒီလောက်ပါဘဲ။ အသုံးဝင်မှုတွေကတော့ သုံးရင်သုံးသလို အသုံးဝင်ပါလိမ့်မယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.