Type Here to Get Search Results !

လမ်းတွေမှာ တွေ့ရတဲ့ AH1, AH2 ဆိုတာတွေဟာ ဘာလဲ

လမ်းတွေနဲ့ မြေပုံပေါ်မှာ တွေ့ရတဲ့ AH1, AH2 ဆိုတာ
လမ်းတွေပေါ်မှာတွေ့ရတတ်တဲ့ AH ဆိုတာ Asian Highway (အာရှလမ်းမကြီး) ကိုဆိုလိုပါတယ်။ အာရှလမ်းကွန်ယက်အတွင်းမှာ ပါဝင်တဲ့လမ်းတွေကို AH1, AH2 စသဖြင့် နံပါတ်စဉ်တွေနဲ့ ပြထားတတ်တယ်။ အာရှတိုက်နိုင်ငံတွေကို ချိတ်ဆက်ထားတဲ့ အဓိက လမ်းမကြီး (၈)လမ်းရှိတယ်။ AH1-AH8 အဖြစ်ပြပါတယ်။ လမ်းအမှတ် (၁) AH1 ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှ စတင်ပြီး တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ၊ အာဖဂန်နစ္စတန်၊ အီရန်တို့ကိုဖြတ်၍ တူရကီနှင့် ဘူဂေးရီးယားနယ်စပ် အစ္စတန်ဘူမြို့အနောက်ဘက် ဥပရောပလမ်းမ အမှတ်(၈၀) E80 နဲ့ ချိတ်ဆက်ရာမှာ အဆုံးသတ်ပါတယ်။ မြန်မာနိုင်ငံကို အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှဝင်၍ ထိုင်း-မြန်မာနယ်စပ် မြို့ဝတီမြို့မှ ဖြတ်ပါတယ်။ လမ်းအရှည် ၂၀၅၅၇ ကီလိုမီတာ (၁၂၈၄၈ မိုင်) ရှည်လျားပါတယ်။ AH3 ကတော့ ရုရှား-တရုတ် နယ်စပ်မှ စတင်၍ တရုတ်-ထိုင်း-မြန်မာ ကျိုင်းတုံမှာ ဆုံးပါတယ်။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ အာရှလမ်းကွန်ယက်တွေကတော့
AH1
တမူး-မန္တလေး-မိတ္ထီလာ-ရန်ကုန်-ပဲခူး-ဘုရားကြီး-သထုံ-မြဝတီ
AH2
မိတ္ထီလာ-လွိုင်လင်-ကျိုင်းတုံ-တာချီလိတ်
AH3
မိုင်းလား-ကျိုင်းတုံ
AH14
မန္တလေး-သီပေါ-မူဆယ်
အကယ်၍ လမ်းမှာ AH သင်္ကေတကိုတွေ့ရင် အာရှလမ်းကွန်ယက်ပေါ်မှာဆိုတာကို သိနိုင်ပြီး၊ အာရှလမ်းမ အမှတ်စဉ်အလိုက် သွားရောက်နိုင်တဲ့ နေရာတွေကို သိရှိဖို့ လွယ်ကူမှာဖြစ်ပါတယ်။
NH ဆိုတာက (National Highway) အမျိုးသားလမ်းမ သင်္ကေတဖြစ်ပြီး မြန်မာမှာတော့ (NR)အဖြစ်ပြပါတယ်။



Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.