Type Here to Get Search Results !

Pyidaungsu Number Font


Excel မှာ currency, Accounting စတဲ့ format တွေကို သုံးတဲ့အခါ ကိုယ်က မြန်မာလို ရိုက်ထားလျက်နဲ့ format ချိန်းလိုက်ရင် ဂဏန်းတွေက အင်္ဂလိပ်လိုတွေ ဖြစ်ကုန်တတ်တယ်။ အဲဒီအခါကျရင် အကြောင်းအရာတွေက မြန်မာလို ကိန်းဂဏန်းတွေက အင်္ဂလိပ်လိုနဲ့ ဖားတပိုင်း ငါးတပိုင်းတွေ ဖြစ်ကုန်ရော၊ နောက်တချက်က ကိန်းစဉ်ကို မြန်မာလို ဆွဲချလို့မရတာပဲ။ အဲဒါတွေ အားလုံးကို အဆင်ပြေဖို့တော့ Pyidaungsu Number font ကို သုံးသင့်တယ်။ ကိန်းစဉ်ကို ၁ (သို့) ကိုယ်စချင်တဲ့ ကိန်းဂဏန်းကနေ စပြီး ဆွဲချလိုက်တာနဲ့ ကိန်းစဉ်လိုက်ရတယ်။ မြန်မာလို ရိုက်ရလို့ဆိုပြီး တခုချင်းလိုက် ဖြည့်စရာမလိုတော့ဘူး။ နောက်ထပ် ပေါင်း၊ နှုတ်၊ မြှောက်၊ စား တွေနဲ့ Format ပြောင်းလိုက်တဲ့အခါမှာ မြန်မာကိန်းဂဏန်းတွေနဲ့ပဲ လုပ်ဆောင်သွားတယ်။ Currency တို့ Accounting တို့ သုံးလည်း ကိန်းဂဏန်းတွေက မြန်မာလိုပဲ ဖော်ပြပေးတော့ မြန်မာတဝက် အင်္ဂလိပ်တဝက် ပုံစံမျိုး မဖြစ်တော့ဘူး။
Excel သုံနေတယ်ဆိုရင် ကိန်းစဉ်တွေ ရိုက်ရတာ အဆင်မပြေတာ အချိန်ပေးရတာမျိုးတွေ၊ format တွေကိုလည်း မြန်မာလို မြန်မာကိန်းနဲ့ သုံးချင်တယ်ဆိုရင် Pyidaungsu Number font ကို သုံးကြည့်ပါ။
Download from MCF
https://mcf.org.mm/pyidaungsu-font.html


Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.