Excel မှာ Currency, Accounting စတာတွေကို မြန်မာငွေ တန်ဘိုးနဲ့ ဘယ်လို ထားမလဲ
-------------------------------------------------------------------------------
ငွေကြေး သင်္ကေတကို ပြတဲ့အခါမှာ $ ဆိုရင် ဒေါ်လာကို ပြတယ်။ မြန်မာငွေဆိုရင် ကျပ်, Kyat, MMK စသဖြင့် ပြတယ်။ ခု Payment တွေမှာလည်း မြန်မာငွေဆိုရင် MMK ပဲ ပြတယ်။ MMK လို့ မြင်လိုက်တာနဲ့ ဒါဟာ မြန်မာငွေ တန်ဘိုး ဖြစ်ပြီးသားဆိုတာ နားလည်တယ်။ $က ငွေကို ဆိုလိုတာ သိသားပဲ ငွေတန်ဘိုးမှန်း သိအောင် $ ထည့်လိုက်တော့ရော ဘာဖြစ်လဲ။ ငွေကြေးသင်္ကေတတော့ မှန်တယ်။ မြင်ရင်ဒါဟာ ငွေကြေးတခုကို ဆိုလိုမှန်းတော့ သိတယ်။ ဒါပေမယ့် သူက ဒေါ်လာငွေရဲ့ သင်္ကေတ ဖြစ်သလို မြန်မာငွေနဲ့ ငွေကြေးတန်ဘိုးချင်းလည်း မတူဘူး။ အဲဒီအတွက် ငွေတန်ဘိုးကို ပြတာပဲဆိုပြီး $ သုံးပြီး ပြလို့မရဘူး။ $ နဲ့ပြမိလို့ သူတို့ခြားက ခြားနားချက်နဲ့သာ မြောက်လိုက်ရင် ပမာဏက ကွာသွားပြီ။
ပစ္စည်းဝယ် ငွေကြေး စာရင်းတွေကိုလည်း မြန်မာငွေနဲ့ပဲ လုပ်ကြပါတယ်။ အဲဒီအတွက် မြန်မာငွေတန်ဘိုးနဲ့ပဲ $ နေရာမှာ MMK သုံးပြီး ထုတ် ပေးလို့ရအောင် ဘယ်လိုလုပ်မလဲ။
ဒါဆိုရင် Excel မှာ စာရင်းတခု ဆွဲတာနဲ့ ငွေကြေးပြချင်ရင် Currency, Accounting ကို ရွေးလိုက်ရင် MMK ဆိုပြီး သူ့ဘာသူ ပြပေးလိမ့်မယ်။ ငွေကြေးတန်ဘိုးဖြစ်ကြောင်း တခုချင်းလိုက်ထည့်နေစရာ မလိုတော့ဘူး။



