ကမ္ဘာပေါ်မှာ လူပေါင်း ၇၉၅ သန်းဟာ ဆာလောင်မှုဒဏ်ကို ခံစားနေကြရပါတယ်။ ဒါဟာ လူ ၉ ယောက်မှာ တယောက်နှုန်းဟာ အစားအစာ အလုံအလောက်မစားရတဲ့ သဘောပါပဲ။
ကမ္ဘာ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်းဟာ အာဟာရမပြည့်ဝပါဘူး။ အစားအစာ လုံလောက်စွာ မစားရပါဘူး။
အသက် ၅ နှစ်အောက်ကလေးငယ် ၄၅ ရာခိုင်နှုန်းခန့်ဟာ အာဟာရချို့တဲ့မှုကြောင့် သေဆုံးနေကြပါတယ်။ ပမာဏဟာ နှစ်စဉ် ဦးရေ ၃.၁ သန်းရှိပါတယ်။
ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ကလေး ၆ ယောက်မှာ ၁ ယောက်နှုန်းဟာ ကိုယ်အလေးချိန် မပြည့်ကြပါဘူး။
မူလတန်းတက်ရောက်နေသော ကလေးငယ်ပေါင်း ၆၆ သန်း ပမာဏဟာ ဆာလောင်မှုဒဏ်ကို ခံစားရင်းနဲ့ ကျောင်းတက်နေရပါတယ်။
နှစ်စဉ် ကမ္ဘာပေါ်မှာ လူပေါင်း ၉ သန်းဟာ အစားမစားရခြင်းကြောင့် သေဆုံးနေရပါတယ်။
ထို့ကြောင့် အစားအသောက်ကို ကုန်နိုင်သလောက်ပဲယူပါ။ ကုန်နိုင်သလောက်ပဲ စားပါ။ ကိုယ်မကုန်နိုင်ပဲနဲ့ မယူပါနဲ့။ စားသောက်ဆိုင်မှာစားလည်း ကိုယ်စားနိုင်သလောက်သာ မှာပါ။ လူတွေ မကုန်နိုင်ပဲများများ ဖြုန်းတီးလေ အစားအသောက်တွေ စျေးကြီးလေ တဘက်က လက်လှမ်းမီတဲ့သူတွေ ငတ်မွတ်ခြင်းဒဏ်ကို ပိုမိုခံစားရလေပါပဲ။
အစားအသောက်တွေ တပုံကြီးလို့ သင်ဖြုန်းတီးမိမယ့်အချိန်တိုင်း လူပေါင်း ၇၉၅ သန်းဟာ ဆာလောင်ခြင်းဒဏ်ကို ခံစားနေကြရတယ်ဆိုတာကို သတိရပါ။
