Type Here to Get Search Results !

ဓါးလား ဓါးအိမ်လား


အရည်အချင်းရယ် စိတ်ဓာတ်ကောင်းရယ်ဆိုတာ ဓါးနဲ့တူတယ်။
အပေါ်ယံ ရုပ်ရည်တွေ၊ အခြေအနေတွေက ဓါးအိမ်နဲ့ တူတယ်။
ဓါးဆိုတာ ခုတ်လည်း ပြတ်တယ်၊ ထိုးလည်းပေါက်တယ်၊ သွေးလေထက်လေ ခုတ်လေ ပြတ်လေပဲ။
ဓါးအိမ်ဆိုတာ အလှအပစီခြယ်ထားလို့ ကြည့်လို့လှချင်လှမယ်။ ဒါပေမယ့် ခုတ်လို့ မပြတ်သလို ထိုးလို့လည်း မပေါက်ဘူး။
ဓါးအိမ်မရှိတဲ့ ဓါးက အသွားထက်နိုင်တယ်။
ဓါးမရှိတဲ့ ဓါးအိမ်က ချိတ်ထားလို့လည်း မလှ၊ သုံးစားလို့လည်း မရဘူး။
အဲဒီတော့ ကိုယ်က ဓါးလား၊ ဓါးအိမ်လား စဉ်းစားပါ။
ခုတ်တိုင်းပြတ်တဲ့ ဓါးပဲ ဖြစ်ပါစေ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.