နယ်ပယ်မတူတဲ့ အရာတွေကို နှိုင်းယှဉ်ပြီး တွန်းလှည်းတွန်းတာကမှ ဒီထက် ၀င်ငွေ ကောင်းသေးတယ်တို့ ဘယ်လိုမှ မဆိုင်တာတွေကို နှိုင်းယှဉ်ပြီး ကိုယ့်နယ်ပယ် ကိုယ့်အလုပ်ကို အထင်သေးတာ ညည်းညူ တာဟာ အမြင်မှားတာပါ။
ဥပမာပြောရရင် သူတောင်းစားတစ်ယောက်က တစ်လ ၅သိန်း၀င်ငွေ သို့မဟုတ် ၁၀သိန်း ၀င်ငွေရှိတယ်ဆိုပါတော့ ဒါဆို ၀င်ငွေကောင်းတာပဲ။ လူတိုင်းတောင်းမလား။
ဘယ်တောင်းပါ့မလဲ ၊ သူတောင်းစားကပဲ တောင်းမှာပေါ့ အဲဒါ သူ့အလုပ် သူ့နယ်ပယ်။
ကိုယ့်နယ်ပယ် မဟုတ်တဲ့ တခြားနယ်ပယ်က ကိုယ့်ထက်နိမ့်တာလည်း ဖြစ်မယ် မြင့်တာလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ ၀င်ငွေကောင်းလိုက်တာ ငါတို့ ၀င်ငွေက နိမ့်လိုက်တာလို့ သွားကြည့်လို့ မရပါဘူး။

ကိုယ့်အလုပ်က ဂုဏ်ရှိတာမျိုး လူရိုသေ ရှင်ရိုသေ အလုပ်မျိုးလည်း ဖြစ်ချင်ဖြစ်န်ိုင်တယ်။
တကယ့်ကို ကိုယ်က မချိတင်ကဲ ဖြစ်နေတယ် လက်ရှိအနေအထားကို စိတ်တိုင်းမကျရင် ခုနယ်ပယ်ကို စွန့်လွှတ်တာ အကောင်းဆုံးပဲ။
ကိုယ့်နေရာနဲ့ တခြားနေရာကို နှိုင်းယှဉ်နေတာထက် ကိုယ့်အလုပ် ကိုယ့်နယ်ပယ်က ဘယ်လိုမျိုးလဲ
သူ့ ဂုဏ်သတ္တိက ဘယ်လိုလဲ ကိုယ်ရဲ့ ဦးတည်ချက်က ဘာလဲဆိုတာ သေချာသိအောင်လုပ်ပြီး ကိုယ့်နယ်ပယ် ကိုယ့်အလုပ်ကို လေးစားမြတ်နိုးမှု ရှိသင့်တယ်လို့ ထင်ပါတယ်။
အသက်ရှင်သန်မှုအတွက် အလုပ်ဆိုတာတော့ ရှိရတာပဲ။
ဘယ်အရာကမှ ဒိတ်ဒိတ်ကြဲ အကောင်းဆုံးမဟုတ်ပါဘူး ။ အားလုံးက သူ့နေရာနဲ့သူပါ။ လောကကြီးမှာ အားလုံးအသုံး၀င်ပါတယ်။
ကိုယ့်နယ်ပယ်မဟုတ်ပဲ ကိုယ်မလုပ်နိုင်ပဲ ကိုယ့်ထက်၀င်ငွေကောင်းလိုက်တာဆိုတာတွေ လိုက်ကြည့်ပြီး စိတ်ဆင်းရဲမခံပါနဲ့။
ကိုယ့်နယ်ပယ် ကိုယ့်အလုပ်ကိုသာ လေးလေးစားစားရှိပါ။