Word, Excel တို့မှာ စာမျက်နှာနံပါတ်တွေကို မြန်မာလို တပ်ဖို့ Pyidaungsu Number font ကို သုံးနိုင်ပါတယ်။ တရွက်ချင်း လိုက်ရေးနေစရာမလိုပါဘူး။ စာမျက်နှာ နံပါတ်ကို ကိုယ်ထားချင်တဲ့ Header or Footer တခုခုမှာ ရွေးပြီးရင် Header & Footer font ကို Pyidaungsu Number ထားပေးလိုက်ရင် ၁, ၂, ၃ စသဖြင့် နံပါတ်စဉ်အလိုက် တပ်ပေးသွားပါလိမ့်မယ်။
![]() |
| စာမျက်နှာနံပါတ် မြန်မာလိုတပ်ထားခြင်း |
![]() |
| စာမျက်နှာနံပါတ် မြန်မာလိုတပ်ထားခြင်း |
![]() |
| Excel တွင် စာမျက်နှာနံပါတ် မြန်မာလိုတပ်လိုပါက Print Title တွင်နှိပ်ပါ |
![]() |
| Page Setup Box တက်လာပါက Header/Footer ကိုနှိပ်ပါ |
![]() |
| စာမျက်နှာနံပါတ်ကို အပေါ်တွင် ထားလိုပါက Custom Header, အောက်တွင် တပ်လိုပါက Custom Footer နှိပ်ပါ |
![]() |
| မြှားပြထားသည့် Format Text ကိုနှိပ်ပါ |
![]() |
| Font တွင် Pyidaungsu Number ကို ရွေးလိုက်ပါ |
![]() |
| စာမျက်နှာနံပါတ်အား မြန်မာလို တပ်ပြီး ဖြစ်ပါတယ် |








