Type Here to Get Search Results !

ကိုရီးယားစစ်ပွဲ

ကိုရီးယားနိုင်ငံဟာ ၁၉၄၅ ခုနှစ်မှာ ဂျပန်တွေ လက်နက်ချပြီး ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်ပြီးနောက်မှာ ဂျပန်ကိုလိုနီနိုင်ငံအဖြစ်မှ လွတ်မြောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဆိုဗီယက် ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ကိုရီးယားဒေသအား တောင်နှင့်မြောက် ဒေသပိုင်းခြား၍ ထိန်းချုပ်ရန် စီမံရာမှ တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအဖြစ် ကွဲထွက်ခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်မှာ တောင်ကိုရီးယားက ကိုရီးယားသမ္မတနိုင်ငံအဖြစ် ကြေငြာ၍ မြောက်ကိုရီးယားမှ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေငြာပါတယ်။ နှစ်နိုင်ငံလုံးရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ကိုရီးယားနိုင်ငံဆိုတာ တောင်နှင့်မြောက်နှစ်ခုလုံးကို ဆိုလိုပါတယ်။
၁၉၅၀ ခုနှစ်မှာ တောင်ကိုရီးယားနှင့်မြောက်ကိုရီးယား နှစ်နှိင်ငံဟာ နိုင်ငံစစ်ဖြစ်ပွားခဲ့ပြီး ထိုစစ်ပွဲဟာ ၃ နှစ်ကြာမြင့်ခဲ့ပါတယ်။
ထိုကိုရီးယားစစ်ပွဲအတွင်းမှာ တောင်ကိုရီးယားဘက်မှ
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့
အမေရိကန်
ယူကေ
ကနေဒါ
တူရကီ
ဩစတေးလျ
ဖိလစ်ပိုင်
နယူးဇီလန်
ထိုင်း
အီသီယိုးပီးယား
ဂရိ
ပြင်သစ်
ကိုလမ်ဘီယာ
ဘယ်လ်ဂျီယံ
တောင်ဖရိက
နယ်သာလန်
လူဇန်ဘက် စတဲ့ နိုင်ငံတွေ စစ်ကူတိုက်ခဲ့ပြီး
ဆေးထောက်ပံ့မှုအဖြစ်
ဒိန်းမိတ်
အီတလီ
အနောက်ဂျာမနီ
အိန္ဒိယ
အစ္စရေး
နော်ဝေ
ဆွီဒင် ထောက်ပံ့ပေးခဲ့ပြီး
အထွေထွေထောက်ပံ့မှုအဖြစ် -
ထိုင်ဝမ်
ဂျပန်
ကျူးဘား
ဆာဗေဒေါ နိုင်ငံတွေက စစ်ကူးပေးခဲ့ပါတယ်။
မြောက်ကိုရီယားဘက်မှ ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှ ကူညီတိုက်ခိုက်ခဲ့ပါတယ်။
၃ နှစ်ကြာတဲ့ ဒီစစ်ပွဲမှာ
တောင်ကိုရီးယားစစ်သား ၂ သိန်းနီးပါး ကျဆုံးခဲ့ပြီး မြောက်ကိုရီးယားဘက်မှ စစ်သား ၅ သိန်းခန့် ကျဆုံးခဲ့ပါတယ်။ သေဆုံးသူ အရပ်သား ၃ သန်းနီးပါးရှိခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မြို့ ကျဆုံးပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြောက်ကိုရီယားအား ကျူးကျော်သူအဖြစ်ကြေငြာ၍ စစ်ပွဲကို အဆုံးသတ်နိုင်ရန် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာ အထိအခိုက်အကျဆုံးများလှတဲ့ တောင်ကိုရီးယားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့ နိုင်ငံစစ်ကို ရပ်စဲခဲ့ပါတယ်။
Ref: Wikipedia

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.