မင်းတကိုယ်တည်း လျှောက်ပေတော့
-တဂိုး
-တဂိုး
မင်းခေါ်လို့ သူတို့မလိုက်ရင်
မင်းတကိုယ်တည်း လျှောက်ပေတော့။
မင်းတကိုယ်တည်း လျှောက်ပေတော့။
ကြောက်ဒူးတုန်လို့
နံရံဘက်လှည့်ပြီး သူတို့နှုတ်ဆိတ်နေရင်
မင်းကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့တကိုယ်တည်းသာ
ပွင့်ပွင့်လင်းလင်း ပြောပေတော့။
နံရံဘက်လှည့်ပြီး သူတို့နှုတ်ဆိတ်နေရင်
မင်းကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့တကိုယ်တည်းသာ
ပွင့်ပွင့်လင်းလင်း ပြောပေတော့။
တောကြီးမျက်မည်းထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့စွန့်ခွာသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးညှောင့် ခလုတ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ
မင်းတကိုယ်တည်း လျှောက်ပေတော့။
မင်းကို သူတို့စွန့်ခွာသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးညှောင့် ခလုတ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ
မင်းတကိုယ်တည်း လျှောက်ပေတော့။
မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့မကိုင်ရင်
မင်း ကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့ မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့။
မီးအိမ်ကို သူတို့မကိုင်ရင်
မင်း ကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့ မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့။
ရာဘင်ဒြာနတ်တဂိုး
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည်။)
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည်။)
. . . . . . . . . .
Walk Alone
If they answer not to thy call walk alone
If they are afraid and cower mutely facing the wall,
O thou unlucky one,
open thy mind and speak out alone.
If they turn away, and desert you when crossing the wilderness,
O thou unlucky one,
trample the thorns under thy tread,
and along the blood-lined track travel alone.
If they do not hold up the light when the night is troubled with storm,
O thou unlucky one,
with the thunder flame of pain ignite thy own heart,
and let it burn alone.

Rabindranath Tagore
. . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . .
If no one answers your call
make a stride and walk alone
make a stride and walk alone
When everyone is closed and shut
Open your mind and speak alone.
Open your mind and speak alone.
Walk Alone, Walk Alone, Walk Alone
If they turn away and desert
and the wild path obstacles exerts
and the wild path obstacles exerts
trample the thorns no matter the hurt
And Alone along blood-lined track traverse.
And Alone along blood-lined track traverse.
Walk Alone, Walk Alone, Walk Alone
If no one holds up the light
and a fierce storm troubles the night,
and a fierce storm troubles the night,
with the thunder flame of pain ignite
your heart, alone, and let it burn bright
your heart, alone, and let it burn bright
Walk Alone, Walk Alone, Walk Alone...!
Rabindranath Tagore