Type Here to Get Search Results !

ပလပ်စတစ်လျှော့သုံးပါ

ပလပ်စတစ်အိတ်အပါးတွေ ဆွေးမြေ့ပျက်စီးဖို့ဆိုတာ နှစ်ပေါင်း ၂၀ ကနေ ၃၀ ထိ ကြာပါတယ်။
တခါသုံး လ္ဘက်ရည်ခွက် ကော်ဖီခွက်တွေ ဆွေးမြေ့ဖို့က နှစ်ပေါင်း ၃၀ မှ ၅၀ ထိ ကြာပါတယ်။
ပလပ်စတစ်ပိုက်တွေ ဆွေးမြေ့ပျက်စီးဖို့က နှစ်ပေါင်း ၂၀၀ ကြာပါတယ်။
ပလပ်စတစ်​ရေဘူးခွံ၊ ကော်ဖီခွက်၊ ပလပ်စတစ်ပါဝင်သော တခါသုံးပစ္စည်းများ၊ ပလပ်စတစ်သွားတိုက်တံများ ပျက်စီးဖို့ဆိုတာ နှစ်ပေါင်း ၅၀၀ ကျော် ကြာမြင့်ပါတယ်။ တချို့ ပလပ်စတစ်ပစ္စည်းတွေဟာ လုံးဝ မဆွေးမြေ့နိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ကမ္ဘာဟာ ပလပ်စတစ်တွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ခံနေရပါပြီ။

ပလပ်စတစ်အမှိုက် တန်ချိန်ပေါင်း ရာထောင်မက မြစ်ချောင်းများ၊ ပင်လယ်များ၊ သမုဒ္ဒရာများအတွင်းသို့ နေ့စဉ်နှင့်အမျှ ဝင်ရောက်လျှက် ရှိပါတယ်။ ကုန်းနေ၊ ရေနေ သတ္တဝါများဟာ ပလပ်စတစ်များကို အစာနှင့်မှား၍ စားမိခြင်းကြောင့် နေ့စဉ်နဲ့အမျှ သေဆုံးလျှက်ရှိပါတယ်။ ပလပ်စတစ်များ နစ်မြုပ်နေသော မြေပေါ်တွင် အပင်များ မရှင်သန်နိုင်ပါ။ လူ့ပတ်ဝန်ကျင်မှာလည်း ပလပ်စတစ်အမှိုက်များကြောင့် အရုပ်ဆိုး အကျည်းတန်မှုများကို ရှောင်လွှဲလို့ မရနိုင်အောင် တွေ့နေရပါတယ်။
ဒါကြောင့်မို့ မလိုအပ်ပဲ ပလပ်စတစ်ကို မသုံးပါနဲ့။
မလိုအပ်ပဲ ပလပ်စတစ်အိတ်တွေ ပေးလာပါက ငြင်းပါ။
ဖြစ်နိုင်သမျှ လျှော့သုံးပါ။
ပြန်သုံးလို့ရသော ပလပ်စတစ်များကို ပြန်သုံးပါ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.