![]() |
| Photo credit - https://www.stocksy.com/359666/girl-in-mirror |
ပုံရိပ်
ပုံရိပ်နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ မှန်ကြည့်ကြတယ်။ မှန်ထဲမှာ ကိုယ့်ပုံကို ရှာတယ်။ ပြန်ကြည့်တယ်။ ဆံပင်ပုံ ဘယ်လိုဖြစ်နေလဲ။ မျက်နှာ ဘယ်လိုဖြစ်နေမလဲ၊ ဝတ်ထားတဲ့အဝတ်အစားက အဆင်ပြေရဲ့လားဆိုတာကို မှန်ထဲမှာ ကြည့်တယ်။
လူတယောက်ရဲ့ ပုံရိပ်ဟာ မှန်ထဲမှာပဲ ရှိသလား ဘယ်မှာရှိနိုင်ဦးမလဲ။ ကျွန်တော်တို့ရဲ့ဘဝထဲမှာရော ပုံရိပ်ရှိနိုင်လား။
ကျွန်တော်တို့ရဲ့ ဘဝမှာလည်း ပုံရိပ်တွေရှိတယ်။
လူတယောက်ဟာ ဘယ်လိုလူလဲ
သူဟာ ရိုင်းစိုင်းတဲ့လူလား
ယဉ်ကျေးတဲ့လူလား
တကိုယ်ကောင်းဆန်သူလား
မျှမျှတတ စဉ်းစားပေးတတ်သူလား
လက်လွတ်စပယ်ပြောတတ်သူလား
လူတယောက်ရဲ့ ပုံရိပ်ဟာ မှန်ထဲမှာပဲ ရှိသလား ဘယ်မှာရှိနိုင်ဦးမလဲ။ ကျွန်တော်တို့ရဲ့ဘဝထဲမှာရော ပုံရိပ်ရှိနိုင်လား။
ကျွန်တော်တို့ရဲ့ ဘဝမှာလည်း ပုံရိပ်တွေရှိတယ်။
လူတယောက်ဟာ ဘယ်လိုလူလဲ
သူဟာ ရိုင်းစိုင်းတဲ့လူလား
ယဉ်ကျေးတဲ့လူလား
တကိုယ်ကောင်းဆန်သူလား
မျှမျှတတ စဉ်းစားပေးတတ်သူလား
လက်လွတ်စပယ်ပြောတတ်သူလား
ချင့်ချိန်တတ်သူလား စသဖြင့် သူမှာ ပုံရိပ်တွေ ရှိတယ်။ လူတယောက်က သူဘယ်လိုလူဖြစ်တယ်ဆိုတာက သူရဲ့ ပြောဆိုမှု နေထိုင်မှု လုပ်ကိုင်တိုင်းမှာ ပုံရိပ်တွေ ဖြစ်နေတယ်။ တခြားလူတွေရဲ့ အမြင်နဲ့ မှတ်သားမှုမှာလည်း အဲဒီလူက ဘယ်လိုလူဖြစ်တယ် ဘယ်လိုအကျင့်စရိုက်ရှိတယ် ဘယ်လိုစိတ်ဓာတ်ရှိတယ်ဆိုတာကို သူ့ပုံရိပ်ကို တခါတည်း တွဲမှတ်ထားတယ်။ သမိုင်းတွင်သွားတဲ့ ဖြစ်ရပ်တွေ လူတွေဆိုရင်လည်း သူ့ပုံစံ သူ့အကြောင်းကို သူ့ပုံရိပ်တွေကို သမိုင်းထဲမှာ ထည့်သွင်းကြတယ်။ သူကြိုးစားခဲ့သလား၊ သူကောင်းခဲ့သလား ဒါမှမဟုတ် သူယုတ်မာခဲ့သလားဆိုတာတွေကို သမိုင်းက ပြောပြမယ်။
ပုံရိပ်ဆိုတာက မှန်ထဲကြည့်မှ ပေါ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ တနေ့ချင်းစီ နေ့စဉ်ဘဝကနေ ကျွန်တော်တို့ မရှိတော့တဲ့အချိန်ထိ ပုံရိပ်တွေက ရှိနေတယ်။ ကျွန်တော်တို့ ဘယ်လိုလူတွေ ဖြစ်ကြသလဲဆိုတာ ကျွန်တော်တို့ရဲ့ ပုံရိပ်တွေက ပြောပြတယ်။ သက်သေခံတယ်။ ကောင်းသလား ဆိုးသလားဆိုတာ ပုံရိပ်တွေက ပြောပြမယ်။ အဲဒီပုံရိပ်တွေက ဘယ်ကလာသလဲဆိုတော့ ကျွန်တော်တို့ရဲ့ နေ့စဉ် အခါမလပ် ပြောဆိုမှု လုပ်ကိုင်မှု ရှင်သန်မှုတွေကနေ လာပါတယ်။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပုံရိပ်တွေက ရှိနေမှာပေါ့။ ဘယ်လိုလူဖြစ်တယ်ဆိုတာကိုလည်း ပုံရိပ်တွေက ပြောပြနေမယ်။ အခြားလူတွေရဲ့ မှတ်သားမှုလည်း ဒီလူဟာ ဘယ်လိုလူစားလဲဆိုတာ သူ့ပုံရိပ်နဲ့အတူ မှတ်သားထားမှာပဲ။
ဒါကြောင့်မို့ ကိုယ့်ရုပ်ရည်ဘယ်လိုဖြစ်နေလဲ သိချင်ရင် မှန်ကြည့်ပါ။
ကိုယ့်ပုံရိပ် ဘယ်လိုဖြစ်နေလဲသိချင်ရင် ကိုယ့်အကျင့်စရိုက်ကိုကြည့်ပါ။
သူရိန်
