- 1. Note pad ကို ဖွင့်ပါ
- 2. Note pad ထဲမှာ အောက်က Format အတိုင်း စာသားတွေကို တကြောင်းစီ ရိုက်ထည့်ပေးရပါတယ်။
1
00:00:00,000 --> 00:00:00,000
စာသားထည့်ရန်
2
00:00:00,000 --> 00:00:00,000
စာသားထည့်ရန်
00:00:00,000 (HH:MM:SS,000) စက္ကန့်မိနစ်အလိုက် ကွာခြားမှု တန်းကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။
ဥပမာအားဖြင့် - စားသားတခုက ၃ စက္ကန့်မှာစပြီး ၅ စက္ကန့်မှာဆုံးတယ်ဆိုရင်-
00:00:03,000 --> 00:00:05,000
စားသားထည့်ရန် (ဒီတိုင်းရေးပေးရပါမယ်)
စာသားများကို အစဉ်အလိုက် 1, 2, 3, 4 နံပါတ်ရှိသလောက် တပ်သွားပြီး သိမ်းဆည်းတဲ့အခါမှာ SRT file အနေနဲ့ သိမ်းရပါတယ်။ နံပါတ်စဉ်တပ်ရတဲ့အကြောင်းက အကယ်၍ Subtitle ထည့်သွင်းတဲ့အခါမှာ Error ရှိတယ်ဆိုရင် ဘယ် Line မှာ Error ရှိတယ်ဆိုတာ Line number နဲ့ ပြတာဖြစ်လို့ Note Pad ထဲမှာ အလွယ်တကူ ပြန်ရှာလို့ ရအောင် ဖြစ်ပါတယ်။
filename.srt (Encoding-UTF-8)
Encoding ကို UTF-8 နဲ့ သိမ်းပါတယ်။ Font အနေနဲ့ကတော့ Unicode နဲ့ရေးတာ ဖြစ်လို့ အထူးရွေးချယ်ဖို့ မလိုပါဘူး။ Arial, Time New Roman, ဘာနဲ့ပဲရိုက်ရိုက် Unicode Supported Keyboard ဆိုရင် မြန်မာလိုရိုက်လည်း Font ရွေးစရာမလိုပဲ ရိုက်သွားရုံပါပဲ။

