Samsung ဖုန်းတွေမှာ Default font နဲ့ Unicode ကို ပြောင်းမရဘူးဆိုရင် အောက်က Font လေးတွေနဲ့ စမ်းကြည့်စေချင်ပါတယ်။ Unicode font တွေကို (ifont) အပြောင်းထားတာဖြစ်ပါတယ်။ တခြား Application တွေ မထည့်ဘဲနဲ့ Font ကိုပဲ install လုပ်ပါ။ Install လုပ်ပြီးတဲ့အခါမှာ ဖုန်း Setting ထဲက Display ထဲကိုဝင်ပါ။ နောက် Display ထဲက Font style ထဲကို ဝင်ပါ။ Font style မှာ ထည့်သွင်းလိုက်တဲ့ Pyidaungsu font ကိုတွေ့ရပါလိမ့်မယ်။ Pyidaungsu font ကို ရွေးပြီး Ok ပေးလိုက်ပါ။ ပြီးရင် Google Map တို့ Chrome တို့မှာ စာတွေမှန်လား
ဖွင့်ကြည့်လိုက်ပါ။ အရင်ဦးဆုံး Pyidaungsu Font ကိုပဲ အရင်စမ်းကြည့်စေချင်ပါတယ်။ ကျန်တဲ့ Paduak နဲ့ Pyidaungsu Bold ကိုတော့ အရန်အနေနဲ့ ထည့်ထားပေးတာဖြစ်ပါတယ်။ Padauk တို့ Pyidaungsu Bold တို့ကို ထည့်သွင်းရင်လည်း အထက်ကနည်းအတိုင်း Install လုပ်ပြီး Font style မှာ ချိန်းရုံပါပဲ။ Pyidaungsu font မှာ စာတွေအားလုံးမှန်ပါတယ်။ Pyidaungsu Bold မှာတော့ ကျွန်တော်စမ်းကြည့်တာ ဟထိုး (ှ) က သဝေထိုး ပါခဲ့ရင် နေရာမမှန်ပဲ သဝေထိုးအောက်ရောက်နေတာ တွေ့ရပါတယ်။ စမ်းကြည့်ပါ အဆင်ပြေပါစေ။
Pyidaungsu Font Download
Pyidaungsu Bold Download
Padaunk Font Download
font ကို install လုပ်ပြီးပါက Phone setting ထဲက Display နောက် Font style ထဲကိုဝင်၍ Font style ကိုရွေးချယ်ပါ။ ပုံတင်ပြထားသကဲ့သို့ Pyidaungsu-1-8-2_Regular) ကိုရွေးပြီး Ok ပေးပါ။ ပြီးပါက Google Map, Chrome တို့တွင် စာမှန်မမှန် စစ်ဆေးကြည့်ပါ။
Pyidaungsu font နဲ့ Gboard အားတွဲဖက်၍ ရိုက်ထားခြင်းဖြစ်သည်။
သူရိန်