Type Here to Get Search Results !

Charles Spencer Chaplin

သူ့ကို ၁၈၈၉ ခုနှစ်မှာ အင်္ဂလန်၌ မွေးပါတယ်။ သူ့ရဲ့ ငယ်ဘဝဟာ ဆင်းရဲပြီး ကြမ်းတမ်းခက်ခဲခဲ့တယ်။ သူ့ရဲ့ အမေဟာ ရောဂါသည်တဦးဖြစ်ပြီး သူကလေးဘဝတုန်းက သူ့အမေကိုသာ အဖော်ပြုနေပေးရလေ့ရှိပါတယ်။ ဒါကြောင့်မို့ သူဟာ သူ့အမေပျော်ရအောင် ရယ်စရာတွေ လုပ်ပြတတ်ပါတယ်။ သူ့အဖေက ရိုးရိုးစာရင်းကိုင်တယောက်အဖြစ်နဲ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်ပါတယ်။ သူ့အဖေဟာ ဂီတသမားတယောက် ဖြစ်ချင်ခဲ့ပေမယ့် လက်တွေ့မှာ သူ့အိပ်မက်တွေကို အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး။ 
အရာရာအဆင်ပြေချောမွေ့နေတဲ့အချိန်မှာပဲ သူ့အဖေ အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်။ သူ့အဖေက အလုပ်သစ်တခုရရှိအောင် ကြိုးစားပေမယ့်လည်း ဘာအလုပ်မှ မရခဲ့ပါဘူး။ လတွေ ကုန်လွန်ပြီးတဲ့နောက် သူတို့ အိမ်ရာမဲ့ ဖြစ်သွားခဲ့ပြီး ဗန်ကားတစီးထဲမှာ နေထိုင်ခဲ့ကြရတယ်။ သူ့အသက် ၁၅ နှစ်ရောက်တော့ မိသားစုကို ထောက်ပံ့ဖို့အတွက် သံမဏိစက်ရုံတခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အနာဂတ်တခုလုံး သူ့ရှေ့မှာတင် ရှိနေခဲ့ပြီး သူ့ကိုယ်သူ သံမဏိစက်ရုံလုပ်သားဖြစ်လိမ့်မယ်လို့ ထင်နေခဲ့ပါတယ်။ တခြားဘာကိုမှ သူမစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ ရုန်းကန်လှုပ်ရှားမှုကို သူမြင်ခဲ့ရပြီး သူ့ဘဝကနေလည်း အဖိုးတန် သင်ခန်းစာတွေကို သူရခဲ့တယ်။ သူ့အဖေဟာ သူ့ရဲ့ ရည်မှန်းချက် အိပ်မက်တွေကို လက်လွှတ်ခဲ့ရတယ်။ အာမခံချက်ရှိတယ်ဆိုတဲ့အလုပ် ပြုတ်သွားတယ်။ နောက်ထပ်လည်း အဆင်မပြေမှုတွေ ရှိနေသေးတယ်ဆိုတာကို သူတွေ့ခဲ့တယ်။ 

အကယ်၍ သင်ဘာပဲလုပ်လုပ် အောင်မြင်မှုနဲ့ ဆုံးရှုံးမှုက မသေချာဘူးဆိုရင် သင်မြတ်နိုးတဲ့အရာတခုကို လုပ်ကြည့်ဖို့ အခွင့်အရေးကို ဘာကြောင့်မဆုပ်ကိုင်တာလဲ။ တကယ်လို့ ကျရှုံးသွားခဲ့ရင်တောင် အနည်းဆုံးတော့ သင်မြတ်နို်းတဲ့အရာတခုကို သင်လုပ်နေရတာပဲ မဟုတ်လား။ 
သူက လူတွေကို ပျော်ရွှင်ရယ်မောအောင် လုပ်ရတာကို ဝါသနာပါတယ်ဆိုတာ သူ့ကိုယ်သူ သတိထားမိတယ်။ သူ့ဘဝမှာလည်း သူဖြစ်ချင်တာကိုပဲ လုပ်ချင်ခဲ့တယ်။ သူက သရုပ်ဆောင်နဲ့ လူရွှင်တော်တယောက်ဖြစ်ချင်ခဲ့တယ်။ ဒါကြောင့် သူ့အသက် ၁၆ ရောက်တော့ သူ့အဖေက သူ့အတွက် ပထမဆုံးဖျော်ဖြေပွဲလေးဖြစ်အောင် ကြိုးစားပေးတယ်။ ဒါပေမယ့် သူ့ရဲ့ ပထမဆုံးဖျော်ဖြေပွဲလေးက မအောင်မြင်ခဲ့ပါဘူး။ ဘယ်သူကမှ သူ့ဟာသတွေကို မရယ်ခဲ့ကြဘူး။ သူစိတ်ဓာတ်ကျသွားတယ်။ သူ့ကိုယ်သူလည်း သံသယဖြစ်သွားတယ်။ သို့ပေမယ့် သူချစ်တဲ့အလုပ်တခုကို လုပ်နေရတယ်ဆိုတာ သူသိတယ်။ သူပိုပြီး ကြိုးစားရမယ်ဆိုတာလည်း သူသိခဲ့တယ်။ ဒါကြောင့်မို့ သူလေ့ကျင့်တယ် ပိုပြီးကြိုးစားခဲ့ပါတယ်။ နောက်တော့ သူ့ရဲ့ ဖျော်ဖြေမှုတွေ တိုးတက်လာတယ်။ နောက်တကြိမ်မှာတော့ တခဲနက်အားပေးခံရခြင်းကို သူရရှိခဲ့ပါတယ်။ အသံတိတ်ရုပ်ရှင်လောကကို သူမြှင့်တင်နိုင်ခဲ့တယ်။ ဗစ်တိုးရီးယားခေတ်လို့ခေါ်တဲ့ ခုနှစ်တွေအတွင်းမှာ သူသရုပ်ဆောင်မှု များစွာလုပ်ခဲ့တယ်။ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ၊ တေးရေးသူ၊ ဇာတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူ၊ အယ်ဒီတာ အဖြစ်နဲ့ သူ့ဘဝကို ရွေးချယ်ခဲ့ပါတယ်။ 
သူကတော့ ချာလီချက်ပလင်လို့ လူသိများတဲ့ ဆာ.ချားလ်စပင်ဆာ ချက်ပလင် (Sir.Charles Spencer Chaplin) ပါပဲ။ ၁၈၈၉ ခုနှစ်မှာ သူ့ကို မွေးဖွားခဲ့ပြီး ၁၉၇၇ ခုနှစ် သူ့အသက် ၈၈နှစ် မှာ သူကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်မှုတွေနဲ့ သူ့နာမည်ကတော့ ဒီနေ့ထိ ရှင်သန်နေတုန်းပါပဲ။ 
တကယ်လို့ သင့်ဘဝမှာရော ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ရှိတယ်ဆိုရင် သင် ဘာလုပ်မလဲ။
အောင်မြင်ကျော်ကြားလူသိများတဲ့ အနုပညာရှင်တဦးအဖြစ်မဟုတ်လည်း သင်ကိုယ်တိုင်ဖြစ်ချင်တဲ့ အိပ်မက်တွေတော့ သင့်ရင်ထဲမှာ ရှိတယ်မဟုတ်လား။ ကိုယ်လုပ်ချင်တာကို လုပ်နေရတဲ့ ဘဝမျိုး ကိုယ်ဖြစ်ချင်တာကို ပုံဖော်နေရတဲ့ အနေအထားမျိုးတော့ သင် စိတ်ကူးယဉ်မိမှာပါ။ ကြိုးစားကြည့်လိုက်ပါ။ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဆိုတာ သတ်မှတ်ချက်မဟုတ်သလို ကန့်သတ်ချက်လည်း မရှိပါဘူး။ ဘာကိုပဲလုပ်လုပ် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုက မသေချာဘူးဆိုရင် ကိုယ့်အိပ်မက်ကို အထောင်အထည်ဖော်လိုက်ရတာက ကိုယ့်အတွက်အမြတ်နဲ့ အတွေ့အကြုံပါပဲ။ အနည်းဆုံး ကိုယ်ဖြစ်ချင်တဲ့ ပုံစံ၊ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို လုပ်ဖြစ်လိုက်တယ်။ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရတယ်။ ရှုံးနိမ့်မှာ ကြောက်လို့ ဖြစ်မြောက်မလာမှာစိုးရိမ်လို့ မလုပ်ကြည့်ဖြစ်ရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဘဝမှာလည်း နောင်တဆိုတာက လုပ်မိလိုက်လို့ ရတဲ့နောင်တထက် မလုပ်မိခဲ့လို့ မကြိုးစားမလိုက်လို့ ရတဲ့နောင်တက ပိုများပါတယ်။ လုပ်ကြည့်လိုက်ပါ။ ကိုယ် ဖြစ်ချင်တဲ့ ပုံစံလေးကို ပုံဖော်ကြည့်ပါ။

သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.