Type Here to Get Search Results !

AI

AI (Artificial Intelligence)

AI လို့ အတိုကောက်ခေါ်တဲ့ (Artificial Intelligence) မှတ်ဉာဏ်အတုဟာ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာသလို လူသားတွေရဲ့ နေ့စဉ်ဘဝမှာလည်း ပါဝင်မှုက ပိုမိုပြီး များပြားလာပါတယ်။ အချက်အလက်မှတ်သားနိုင်မှု တုန့်ပြန်နိုင်မှုတွေကလည်း တစထက်တစ မြင့်မားလာပါတယ်။ လူသားတွေရဲ့ မှတ်ဉာဏ်ဟာ မေ့ပျောက်နိုင်ခြင်း၊ အမှတ်မှားခြင်း ရှိပေမယ်လို့ AI တွေကတော့ မေ့ခြင်းမှားခြင်းမရှိပါဘူး။ လူသားတွေ အနေနဲ့ အကြောင်းအရာတခုတည်းကိုပဲ တဖန်တလဲလဲ ပြုလုပ်ရတဲ့အခါ ငြီးငွေ့လာတတ်ပေမယ့် AI တွေကတော့ ငြီးငွေ့ခြင်းဆိုတာမရှိပါ။ မေးသမျှ မေးခွန်းတွေ၊ ရှာဖွေခိုင်းသမျှ အကြောင်းအရာတွေကိုလည်း AI တွေက ရှာဖွေပေးနိုင်ပါတယ်။
AI ကို နေ့စဉ်ဘဝမှာ အနီးကပ်ဆုံးတွေ့ရှိနိုင်တာကတော့ Smart phone တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုင်တွယ်သုံးစွဲနေတဲ့ Smart Phone တွေမှာ Ok Google လို့ ပြောလိုက်တာနဲ့ Google AI က ကျွန်တော်တို့ မေးတာကို ပြန်ဖြေဖို့ ရှာခိုင်းတာကို ရှာဖွေပေးဖို့ အဆင်သင့်ပါပဲ။ သီချင်းဆိုခိုင်းမလား၊ ရာသီဥတုအကြောင်းမေးမလား၊ ရယ်စရာဟာသ ပြောခိုင်းမလား AI က လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ကိုယ်က အကြောင်းအရာတခုကို လုံးစေ့ပတ်စေ့သိချင်တယ်ဆိုရင်လည်း AI က ရှာဖွေပေးနိုင်ပါတယ်။ ကိုယ်သိတဲ့ တလုံးနှစ်လုံးသာ AI ကို ပြောလိုက်ရုံပါပဲ။ AI က အပြည့်အစုံ ရှာလာပေးပါလိမ့်မည်။
ဘိုးတော်ဘုရားကနေ ရော်နယ်ဒိုထိ အကြောင်း အရာတွေကို AI က သိပါတယ်။ သိချင်တာသာ ပြောလိုက်ပါ၊ သိလိုသမျှကို AI က ပြောပြပါလိမ့်မည်။ လူသားတယောက်အနေနဲ့ မေးခွန်းပေါင်းမြောက်မြားစွာကို တပြိုင်တည်း မဖြေနိုင်ပေမယ့်လို AI တွေကတော့ ဖြေနိုင်ပါတယ်။ AI တွေမှာ အကြောင်းအရာ မပြည့်စုံသေးရင်လည်း သင်ပေးလို့ရပါတယ်။ ဥပမာအနေနဲ့ ယူနီကုဒ် ပြောင်းလဲသုံးစွဲလာပြီးနောက်ပိုင်း Google Translator မှာ ပြန်ဆိုချက်တွေ တလွဲတွေ ဖြစ်နေခြင်းအတွက် ရယ်စရာလိုလို ဖြစ်ခဲ့တယ်။ သူ့ကို မြန်မာစာအနေနဲ့ သုံးစွဲမှု နည်းပါးသလို သင်ပေးခဲ့ခြင်းလည်း မရှိခဲ့တဲ့အတွက် သူ့ရဲ့ တုံ့ပြန်မှုတွေကတော့ လွဲနေမှာပါ။ အသုံးပြုကြရင်းနဲ့ပဲ သူလည်း တဖြည်းဖြည်းတိုးတက်လာပြီး ကောင်းမွန်တဲ့ အခြေအနေတခုကို ရောက်မှာပါ။ သင်ပေးအသုံးပြုပေးတဲ့နေရာမှာလည်း မှန်မှန်ကန်ကန်လေးတွေ သုံးပေးဖို့ အချက်အလက်အမှန်လေးတွေ သဒ္ဒါမှန်လေးတွေ ထည့်သွင်းပေးဖို့လည်း လိုတာပေါ့။
AI ကို ခွဲခြမ်းစိတ်ဖြာရေး၊ ထောက်လှမ်းရေး၊ သင်ကြားရေး၊ လေ့လာရေး၊ လူအစားထိုးသုံးစွဲမှု စသဖြင့် ကဏ္ဍပေါင်းစုံမှာ အသုံးပြုပါတယ်။ စက်ရုပ်တွေ၊ စက်ပစ္စည်းတွေ၊ မော်တော်ယာဉ်တွေကနေ လူတဦးနှင့် တဦးဆက်သွယ်မှုတွေအထိ AI က များစွာအထောက်အကူပေးနိုင်ပါတယ်။
ပြောရမယ်ဆိုရင် (Artificial Intelligence) AI လို့ခေါ်တဲ့ မှတ်ဉာဏ်အတုဟာ မှတ်သားနိုင်မှု၊ သင်ယူနိုင်မှု ဆင့်ကဲတိုးတက်နိုင်မှုတွေနဲ့ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါ နေပါပြီ။

သူရိန်

photo- Internet

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.