Type Here to Get Search Results !

နေပြည်တော် ရေပူစမ်း

နေပြည်တော်ရေပူစမ်း(သို့မဟုတ်) ပင်လောင်းရေပူစမ်း
ရေစိမ်ကန်
နေပြည်တော်ရေပူစမ်းက သဘာဝရဲ့ဖြစ်တည်မှုနဲ့ လူတို့ရဲ့ ဖန်တီးမှုတို့ ပေါင်းစပ်ထားတဲ့ ရေပူစမ်းတခုပါ။ နေပြည်တော်ရေပူစမ်းကို သွားမယ်ဆိုရင် ရန်ကုန်-မန္တလေးကားလမ်းမှ ပင်လောင်းလမ်းခွဲကနေ ၄၂ ကီလိုမီတာ (၂၆မိုင်)  ဝင်ရပါတယ်။ ပင်လောင်းမြို့ဘက်ကနေဆိုရင် ၇၄ ကီလိုမီတာ (၄၅မိုင်) ရှိပါတယ်။ ပင်လောင်းလမ်းဘေးမှာ တည်ရှိပါတယ်။ တောင်တက်တောင်ဆင်းလမ်းတွေ ဖြစ်တဲ့ အတွက် အကွေ့အကောက်တွေ ရှိတယ်။ တောင်တွေကြားထဲမှာ တည်ရှိပြီး သာယာအေးချမ်းပါတယ်။ ရန်ကုန်-မန္တလေး ကားလမ်းမကနေ ပင်လောင်းလမ်းအတိုင်း ၄၀ ကီလိုမီတာလောက် ဝင်ပြီးတာနဲ့ နေပြည်တော်ရေပူစမ်းကို ရောက်မှာပါ။ အတွင်းကိုတော့ ၂.၅ ကီလိုမီတာလောက် ထပ်ဝင်ရပါတယ်။

ဝင်ကြေးကတော့ လူတဦး- ၇၀၀ ကျပ်နဲ့ ကားတစီး-၂၀၀၀ ကျပ်ပါ။ အတွင်းမှာတော့ ရေပူစီးကြောင်း၊ ရေအေးစီးကြောင်းတွေရှိပြီး ရေပူကန်၊ ရေအေးကန်တွေလည်း ခွဲထားပါတယ်။ ရေပူတွေက ရေနွေးဆူသလိုမျိုးပဲ အငွေ့တထောင်းထောင်း ထနေတတ်ပါတယ်။ တောင်တွေကြားမှာ ရှိတဲ့အတွက် အေးပေမယ်လို့ ရေပူစမ်းရဲ့ အနွေးဓာတ်ကြောင့် ခပ်နွေးနွေး ခံစားမှုကိုလည်းရရှိမှာပါ။ မိုးရွာပြီးချိန်ဆို ပိုပြီး ကြည့်ကောင်းတယ်။ ရေကန်တွေ၊ ရေနွေးစီးကြောင်းတွေက အငွေ့တွေ ဝဲပျံနေတတ်ပြီး စိတ်ကြည်နှုးမှု တမျိုးကိုလည်း ရရှိမှာပါ။ ရေစိမ်စရာကန်တွေ၊ နားနေဆောင်တွေလည်း ရှိပါတယ်။ ရေချိုးဖို့ပိုက်တွေလည်း ထားရှိပါတယ်။
အစားအသောက်ကတော့ တောကောင်းသားတွေ ရတတ်တယ်။ ဘေးပတ်ဝန်ကျင်ကို ငေးကြည့်လိုက်မယ်ဆိုရင်လည်း တိမ်တွေ ရစ်သိုင်းတွေနဲ့ တောင်ထွတ် တောင်တန်းတွေရဲ့ အလှ အပကို ငေးမောနိုင်မှာပါ။ နေရာလေးကတော့ သဘာဝရေပူစမ်းနဲ့ တောတောင်တွေရဲ့အေးချမ်းမှုကို အဓိကထားတဲ့နေရာလည်းဖြစ်ပြီး သဘာဝအလှနဲ့ တောတောင်တွေရဲ့ အလှကို ခံစားဖို့အတွက် အဆင်ပြေပါတယ်။










သူရိန်
Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.