Type Here to Get Search Results !

ဂုဏ်သိက္ခာရှိချင်သောအမှိုက်

အမှိုက်
ကျွန်တော်က အမှိုက်ပါ ဟိုနေရာ ဒီနေရာ ပြန့်ကျဲနေပြီး မျက်စိနောက်စရာကောင်းတဲ့ အမှိုက်ပေါ့။ ကျွန်တော့်ကို မြင်ရင် လူတွေက မျက်စောင်းခဲကြတယ်။ မျက်မှောင်ကုပ် နှာခေါင်းရှုံ့ကြတယ်။ ရယ်တော့ ရယ်ရတယ်။ ကျွန်တော်က အမှိုက်ဘဝကို အလိုလို ရောက်လာတာတော့ မဟုတ်ဘူး။ ကျွန်တော့ကို လူတွေစွန့်ပစ်လိုက်တာပါ။ ကျွန်တော် အမှိုက်မဖြစ်ခင် ဘဝတုန်းက အတော်သားနားပါတယ်။ ကျွန်တော့ဘဝက သစ်လွင်တယ်။ နေရာတိုင်းဝင်ဆံ့တယ်။ ကျွန်တော့ကို တချို့က ထုပ်ပိုးတဲ့နေရာမှာသုံးတယ်။ တချို့က သောက်စရာထည့်ဖို့၊ တချို့က စားစရာထည့်ဖို့၊ တချို့က ပစ္စည်းပစ္စယထည့်ဖို့၊ တချို့က စျေးဝယ်တဲ့အခါ သုံးဖို့ အမျိုးမျိုးသုံးကြတယ်။ ကျွန်တော့ကို မလိုအပ်တော့တဲ့အခါ သူတို့က စွန့်ပစ်လိုက်ကြတယ်။ ကျွန်တော့မှာ အမှိုက်ဖြစ်ရတာတောင် သိက္ခာမရှိဘူး။ ကိုယ့်နေရာမှာ ကိုယ်မရှိတဲ့ အမှိုက်အဖြစ် အပြစ်တင်ခံရပြန်တယ်။ အမှိုက်မှာ သိက္ခာရှိလို့လား၊ အမှိုက်မှာ နေရာရှိလို့လားတဲ့….

ရှိတာပေါ့.. အမှိုက်မှာလည်း သိက္ခာရှိတယ်။ အမှိုက်ပုံးထဲ ရောက်နေတဲ့ အမှိုက်ကို လူတွေက အပြစ်မတင်ကြဘူး။ မျက်စောင်းမထိုးကြဘူး။ သူ့နေရာသူနေတဲ့ အမှိုက်အဖြစ်လူတွေက လက်ခံကြတယ်။ ကျွန်တော်တို့လို အမှိုက်ပုံထဲမှာလည်း မရှိ အမှိုက်ပုံးထဲလည်း မရောက်တဲ့ အမှိုက်တွေကတော့ လမ်းတွေပေါ်မှာ၊ လမ်းဘေးတွေမှာ ပန်းခြံတွေမှာ ရေမြောင်းတွေထဲမှာ သောင်တင်နေရပြီး ကိုယ့်နေရာ ကိုယ်မနေကြတဲ့ အမှိုက်တွေပေါ့။ နောက်တော့ လမ်းတွေက ရုပ်ဆိုးလာတယ်။ ရေမြောင်းတွေက ပိတ်ဆို့လာတယ်။ ရပ်ကွက်တွေက အနံ့အသက်တွေ မကောင်းတော့ဘူး။ အဲဒီအခါမှာ မြားဦးက ကျွန်တော်တို့ အမှိုက်တွေဘက်လှည့်လာတယ်။ ဒီအမှိုက်တွေကြောင့် အရုပ်ဆိုးရတာ၊ ဒီအမှိုက်တွေကြောင့် အနံ့အသက်တွေမကောင်းတာ၊ 
ဒီအမှိုက်တွေကြောင့် … 
ဒီအမှိုက်တွေကြောင့်….. 
ဒီအမှိုက်တွေကြောင့်နဲ့ နားနဲ့မဆံ့အောင် အပြစ်တင်သံတွေ ညံလာတယ်။ ကျွန်တော်တို့ကို စွန့်ပစ်ခဲ့တဲ့လူတွေကို ပြောပေးစမ်းပါဗျာ သူတို့ကြောင့် ကျွန်တော်တို့မှာ အမှိုက်ဖြစ်ရတာတောင် သိက္ခာမရှိတဲ့အမှိုက်၊ ကိုယ့်နေရာ ကိုယ်မနေတဲ့အမှိုက်အဖြစ် အပြစ်တင်ခံနေရပါပြီ။ ဒီလူတွေက ကျွန်တော်တို့ကို လိုသုံးလုပ်ခဲ့တာပါ။ မလိုတော့တဲ့အခါ အမှိုက်ပစ်ရမယ့်နေရာမှာ မပစ်ပဲ အလွယ်တကူ စွန့်ပစ်ခဲ့တာပါ။ လမ်းတွေပေါ်မှာ ရေမြောင်းတွေထဲမှာ နေထိုင်ဖို့ အမှိုက်ဖြစ်တဲ့ ကျွန်တော်တို့က ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ လူတွေက သူတို့ကိုယ်တိုင် အမှိုက်တွေကြားထဲမှာ နေထိုင်ဖို့ ရွေးချယ်ခဲ့တာပါ။ အမှိုက်ဖြစ်ရတဲ့ ဘဝမှာ ကျွန်တော်တို့လည်း သိက္ခာရှိချင်တယ်။ လမ်းတကာပေါ်မှာ လူတွေ နှားခေါင်းရှုံ့ပြီး ကျော်ခွ သွားတဲ့အမှိုက်မျိုး မဖြစ်ချင်ပါဘူး။ နေရာလည်း ရှိချင်ပါတယ်။ အမှိုက်က အမှိုက်ပုံးထဲမှာပဲ နေချင်ပါတယ်။ လူတွေကို ပြောပေးကြစမ်းပါ။ အမှိုက်ကို သိက္ခာ မချကြပါနဲ့။ လူ့အသိုင်းအဝိုင်းကိုလည်း သိက္ခာမချပါနဲ့။ အမှိုက်ကို အမှိုက်နေရာမှာပဲ ပစ်ပါလို့….
သိက္ခာရှိချင်တဲ့ အမှိုက်တစ

သူရိန်
14 Oct 2019

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.