ဌ (ဌဝမ်းဘဲ)နှင့် (ငှ) ကို မှားရေးမှုတွေ ရှိနေပါတယ်။
သူတို့ဟာ အသုံးမတူ၊ ရေးနည်းမတူ၊ နေရာလည်း မတူကြပါဘူး။
ဌသည် (ဌဝမ်းဘဲ) အက္ခရာဖြစ်ပြီး၊ ငှ ဆိုတာကတော့ (င)နှင့်(ဟထိုး)ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။
ဌ (ဌဝမ်းဘဲ)၏ ခြေသည် အတွင်းသို့ ကွေးဝင်နေတတ်ပြီး (ငှ)မှာတော့ (ဟထိုး)သည် သူ့ရဲ့ ပုံမှန်သဏ္ဌာန် အတိုင်းပဲ ရှိနေပါတယ်။
ဌ
ဌာနေ၊ ဌာန၊ ဌာန်၊ ဌာန်ကရိုဏ်းကျကျ၊ ဌေး စသည်တို့မှာ သုံးပါတယ်။
ငှ (င)+(ဟထိုး)၊ ငှာ (င)+(ဟထိုး)+(ရေးချ)
ဝေငှ၊ အလို့ငှာ၊ ကြငှန်း၊ ငှားရမ်း စသည်တို့တွင် သုံးပါတယ်။
အများဆုံးမှားတာတွေကတော့ (ငှ) (ငှာ) သုံးရမယ့်နေရာတွေမှာ (ဌ) (ဌာ) စတာတွေကို သုံးစွဲတာပါ။
ငှားရမ်းလို့ ရေးရမည့်အစား ဌားရမ်း ဟုရေးခြင်း
ငှက်ပျောသီးလို့ ရေးရမည့်အစား ဌက်ပျောသီး ဟုရေးခြင်း
အလို့ငှာဟူ၍ ရေးရမည့်အစား အလိုဌာ ဟု ရေးခြင်းတို့ ဖြစ်ပါတယ်။
