Type Here to Get Search Results !

တကြိမ်ပို၍ ကြိုးစားကြည့်ပါ


ကလေးတယောက်လမ်းလျှောက်သင်စမှာ ပျမ်းမျှအားဖြင့် တရက်မှာ အကြိမ် ၃၈ ကြိမ်လောက်လဲကျတယ်
သောမတ်အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို တီထွင်တဲ့အချိန်မှာ အကြိမ် 1000 လောက် မအောင်မြင်ဘူး။
ဆန်းဒါဟာ ကမ္ဘာကျော် KFC ကို ဆိုင်တွေကို လိုက်ပြီးရောင်းတဲ့အချိန်မှာ အကြိမ် 1000 ကျော် ငြင်းပယ်ခံရတယ်။
ကလေးတယောက်က လဲကျလိုက် ပြန်ထလိုက်နဲ့ပဲ လမ်းလျှောက်တတ်သွားတယ်
အက်ဒီဆင်က မအောင်မြင်လိုက် ထပ်ကြိုးစားလိုက်နဲ့ မီးသီးကို တီထွင်နိုင်သွားတယ်။
ဆန်းဒါးဟာ တဆိုင်ဝင်တဆိုင်ထွက်နဲ့ KFC ဟာ ဒီနေ့ကမ္ဘာကျော်နေပြီ။

တကယ်လို့ ကလေးက လဲကျတဲ့အချိန်မှာ ပြန်မထခဲ့ရင် လမ်းလျှောက်တတ်မှာ မဟုတ်ဘူး။
အက်ဒီဆင်က အလုပ်မဖြစ်တဲ့နည်းတွေနဲ့ လက်လျှော့ခဲ့ရင် မီးသီးကို တီထွင်နိုင်ခဲ့မှာမဟုတ်ဘူး။
ဆန်းဒါးသာ အငြင်းခံရလို့ လှည့်ပြန်ခဲ့မယ်ဆိုရင် ဒီနေ့ KFC ကို သင်စားရမှာ မဟုတ်ဘူး။
သင်ဟာ တရက်ကို ၃၈ ကြိမ်လောက် လဲကျပြီး ပြန်ထ ကြိုးစားလျှောက်ခဲ့တဲ့ ကလေးတယောက်ဖြစ်ခဲ့ဖူးတယ်။ ကြိုးစားခဲ့သမျှ အရာမထင်တဲ့ လူတယောက်အဖြစ်လည်း သင်ကြုံချင်ကြုံဖူးလိမ့်မယ်။ ဘဝဆိုတာ အမြဲတမ်းအဆင်ချောနေမှာ မဟုတ်ဘူး။ သင်လဲကျတယ်၊ သင်ပြန်ထတယ်၊ ထပ်လဲမယ်၊ ပြန်ထမယ်။ လက်လျှော့ခြင်းနဲ့ ဖြစ်မြောက်ခြင်းဟာ တလွှာပဲခြားတယ်။ သူတို့ဟာ ခေါင်းနဲ့ပန်းလိုပဲ တဘက်လှည့်လိုက်တာနဲ့ ဖြစ်မြောက်အောင်မြင်ခြင်းဘက်ကို ကူးသွားတယ်။ လဲကျတဲ့ အကြိမ်ထက် တကြိမ်ပိုပြီး သင်ပြန်ထနိုင်လေ၊ လက်မလျှော့ဘဲ သင်ဆက်လျှောက်နိုင်လေ သင့်ရဲ့ပန်းတိုင်နဲ့ နီးလေပဲ။

သူရိန်
21 Oct 201

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.