Type Here to Get Search Results !

ပြင်ကြစို့ မြန်မာ

Photo credit - https://www.horsum.be/nl/blog/nieuws/horsum-geeft-gastcollege-over-change-management


အမှိုက်ပုံးထား အမှိုက်ပုံးရိုက်ခွဲ
ရေအိုးထား ရေအိုးရိုက်ခွဲ
လမ်းသွားလမ်းလာတွေ အဆင်ပြေအောင် မီးထွန်းထား မီးသီးရိုက်ခွဲတယ်
သန့်သန့်ရှင်းရှင်းထားပြန်တော့ တမင်တကာ အမှိုက်တွေ ဖွပစ်တယ်။
ထီးတွေ အလှဆင်ထားတော့ ထီးတက်ဖြုတ်တယ်။
အများသူငှာ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ဖို့ ပစ္စည်းတွေ ထားပေးပြန်တော့လည်း မရရအောင် နှဲ့ဖြုတ် ရိုက်ဖြုတ်ပြီး ဖျက်ဆီးပစ်တယ်။ ယူနီကုဒ်ဆိုပြီး လုပ်ကြပြန်တော့လည်း ပေါက်ကရလေးဆယ် ဘာသာပြန်တွေ လျှောက်ထည့်တယ် (ကျွန်တော် ယူနီကုဒ်တွေ ဇော်ဂျီတွေ ပြောနေခြင်းမဟုတ်ပါ)
ကျွန်တော်တို့တွေက ဘယ်အရာမဆို ကဖျက်ယဖျက် လုပ်ရမှ ကျေနပ်မှာလား။ ဘယ်ဟာဖြစ်ဖြစ် ဖျက်ဆီးလိုက်ရမှာ အဆင်ပြေမှာလားဗျ။
အားလုံးလည်း စဉ်းစားကြပါဦး။ ဒါကျွန်တော်တို့ နိုင်ငံပါ။ ဘယ်တရုတ်ကုလားကမှ ကျွန်တော်တို့အတွက် လာလုပ်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံ သန့်ရှင်းဖို့ ကောင်းမွန်ဖို့ တိုးတက်ဖို့ကို ကျွန်တော်တို့ကိုယ်တိုင်မှ မလုပ်ရင် ဘယ်သူကမှ လာမလုပ်ပေးနိုင်ဘူး။ အမှိုက်ပုံး ရိုက်ခွဲလိုက်လို့ ဘယ်သူ ဂုဏ်တက်သွားလဲ။ အမှိုက်တွေကို လမ်းတကာမှာ ပွစာကြဲနေတော့ ဘယ်သူက ချီးကျူးလဲ။ ဖျက်ဆီး လိုက်လို့ ဘယ်လောက်ကောင်းသွားလဲ။ ဘာတွေကောင်းသွားလို့လဲ။ အခု ယူနီကုဒ်ဆိုပြီး လုပ်ကြပြန်တော့ Translate တွေမှာ အမှားတွေလိုက်ထည့်တယ်။ မသိလို့ လုပ်တာ မဟုတ်ဘူး။ သိသိရက်နဲ့ကို လုပ်တာ။ ဘယ်သူအတွက်ကောင်းသွားလို့လဲ။ အဲဒီလို လုပ်လိုက်ရလို့ အသိဉာဏ်တွေ ဘယ်လောက်ထိ တိုးတက်သွားလဲဗျာ။
ပြောရရင် ကျွန်တော်တို့ နိုင်ငံက နောက်ဆုံးရောက်နေပါပြီ။

အကြွေးတွေလည်း ပတ်လည်ဝိုင်းနေပြီ။ ပိုင်ဆိုင်မှုဆိုတာလည်း ဘာမှ မရှိတော့သလောက်ပဲ။ မြန်မာနောက်မှာ သိပ်မကျန်တော့ဘူး။ နိုင်ငံက သူတောင်းစား သာသာ အဆင့်လောက်ပဲ ကျန်တော့တဲ့ အနေအထားကနေ ရုန်းထွက်နေရတာပါ။ ထပ်ပြီးတော့ ကိုယ်နိုင်ငံကို ဆွဲချနေကြဦးမှာလား။ ဒီလိုပဲ လုပ်သမျှကို ဖျက်ဆီးနေကြဦးမှာလား။ ဘယ်သွာသွားး မြန်မာ passport ကိုင်ပြီး မျက်နှာငယ်ရတဲ့ အနေအထားနဲ့ပဲ နေကြဦးမလို့လား။ နေရာတကာ အမှိုက်တွေနဲ့ သန့်ရှင်းမှု မရှိတဲ့နိုင်ငံအဖြစ်ပဲ မြန်မာပြည်ကို ထားကြဦးမှာလား။ ဒါက ကျွန်တော်တို့ရဲ့ နိုင်ငံပါ။ ဒီနိုင်ငံအတွက် ဒီနိုင်ငံသားတွေမှ မလုပ်ရင် ဘယ်သူကမှ လုပ်ပေးမှာမဟုတ်ပါဘူး။ ဒီနိုင်ငံမှ လူရာမဝင်ရင် ကျွန်တော်တို့လည်း တသက်လုံး လူရာဝင်မှာမဟုတ်ဘူး။ ကိုယ်နေတဲ့ နိုင်ငံကို ထပ်ပြီး တွန်းမချကြပါနဲ့တော့။
Please!

သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.