Type Here to Get Search Results !

ဖျက် နှင့် ဖြတ်

ဖျက်

၁။ ဖျက် (ကြိယာ)
 ငွေအကြွေနှင့် လဲလှယ်သည်။
 အကြွေဖျက်သည်။

၂။ ဖျက် (ကြိယာ)
  သားကောင်းကို ပိုင်းဖြတ်ခုတ်ထစ်သည်။
  သမင်ကို ဖျက်ယူပြီးလျှင်စားပြီသော်။

၃။ ဖျက် (ကြိယာ)
   ဖြိုဖျက်သည်။ တစစီဖြုတ်သည်။
   အိမ်ကို ဖျက်သည်။

၄။ ဖျက် (ကြိယာ)
   ဟန့်တားသည်။ တားမြစ်သည်။
   လင်ပေးရာက မယားမဖျက်ပိုင် မယားပေးသည်ကို လင်ဖျက်ပိုင်၏


၅။ ဖျက် (ကြိယာ)
   ဖျက်သိမ်းသည်။ ရုပ်သိမ်းသည်။
   အစည်းအဝေးကို ဖျက်သိမ်းသည်။ ကတိစကား ဖျက်သည်။

၆။ ဖျက် (ကြိယာ)
   စွဲထင်သည်ကို ပျောက်ပျက်အောင်လုပ်သည်။ ကွယ်ပစေသည်။
   စာကြောင်းကို ဖျက်လိုက်သည်။ သီချင်းသွင်းပြီးမှ ဖျက်လိုက်သည်။

၇။ ဖျက် (ကြိယာ)
   (မသိသာ ဆိုးဝါးအောင်) အလိုလိုက်သည်။ ဖျက်ဆီးသည်။
   သူ့သားကို ကျွန်ုပ်ပင် မြှောက်ပင့်ပေး၍ ဖျက်ဆီးသကဲ့သို့။

၈။ ဖျက် (ကြိယာ)
   မူလအခြေအနေကို ယွင်းပျက်စေသည်။ ပျက်စီးအောင် ပြုသည်။
   ဥစ္စာခိုးဝှက် သူအိမ်ပျက်နှင့် သေရည်သောက်စား။

ဖြတ်
၁။ ဖြတ် (ကြိယာ)
  တစိတ်တပိုင်းကို နှုတ်ယူထားသည်။
  လခဖြတ်သည်။

၂။ ဖြတ် (ကြိယာ)
  တန့်သည်။ ရပ်သည်။
  စကားကိုဖြတ် မျက်နှာပိုးသတ်ပြီးလျှင်။

၃။ ဖြတ် (ကြိယာ)
  အဆက်အဆံရပ်စဲသည်။ ပြတ်တောက်ရပ်စဲအောင်ပြုသည်။ ကင်းပြတ်အောင်ပြုသည်။
  သေခန်းဖြတ်သည်။

၄။ ဖြတ် (ကြိယာ)
  ကျော်ဖြတ်သည်။ ကူးသန်းသည်။ 
  ခေတ်တခေတ်ကို ကျော်ဖြတ်၍ တခေတ်သို့ကူးပြောင်းရာတွင်
 
၅။ ဖြတ် (ကြိယာ)
  တဖက်မှတဖက်သို့ ကူးသည်။ ကျော်လွန်ကူးသန်းသည်။
 ကန်ရိုးအောက်ကဖြတ်၍ ကျောက်ဆောင်ကျောက်သားများကို တူးပြီးလျှင်။

၆။ ဖြတ် (ကြိယာ)
  ဓားကဲ့သို့ ထက်သောအရာအမျိုးမျိုးဖြင့် အပိုင်းအပြတ်ဖြစ်အောင်ပြုသည်။
  မြင်းထက်မှချွန်းနှင့်ချိတ်၍ခေါင်းကို ဖြတ်ပြီးလျှင်။


မှန်/မှား
ဖျက်ဆီး (✔️)
ဖြက်ဆီး (✖️)
ပိုင်းဖြတ် (✔️)
ပိုင်းဖြက် (✖️)
အမဲဖျက် (✔️)
အမဲဖြတ် (✖️)

ကိုးကား - ဝစ်ရှင်နရီ
 

 







Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.