Type Here to Get Search Results !

လဲ နှင့် လည်း











လဲ (ဝါစင်္ဂ)
အမေးသဘောသက်ရောက်သော ဝါကျအဆုံးသတ် စကားလုံး

  • ဘယ်အရပ်သို့ သွားမည်လဲ။
  • ဘယ်သူပြုမည်လဲ။
လဲ (နာမ်)
လဲမျှင်ကဲ့သို့သော အမျှင်ထွေး
လက်ပံအသီးမှရသော မှို့ကို လဲ ဟုခေါ်သည်။

လဲ (ကြိယာ)
တိမ်းစောင်းကျသည်။

  • သစ်ပင်တပင်သည် လမ်းပေါ်သို့ လဲကျနေသည်။
လဲ (ကြိယာ)
တခုနှင့်တခု ဖလှယ်သည်။

  • ပစ္စည်းအဟောင်းနှင့်အသစ် လဲသည်။

လည်း (သမ္ဗန္န)
......ရုံတင်မက..... လည်းပဲ

  • စကားပြောလည်း ကောင်းသည်။ စားရလည်း ကောင်းသည်။
လည်း (ဝါစင်္ဂ)
တပြိုင်နက်အမူအရာဖြစ်ကြောင်း ဖော်ပြရာ၌ ကြိယာနှစ်ကြားထားသုံးသော စကားလုံး

  • ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်။
လည်း (ဝါစင်္ဂ)
အတူတကွ ဖြစ်ကြောင်း ပါဝင်ကြောင်းပြသော စကားလုံး

  • မလောက်မလား၊ ထိပ်ဖျားလည်းထိုး
  • သူလည်း ငါလည်း
  • လူငယ်များလည်း တကြွစွာ ပါဝင်ကြသည်။
မှား/မှန်
ဘယ်သို့သွားမည်လည်း (မှား)
ဘယ်သို့ သွားမည်လဲ  (မှန်)
သူလဲ လာလိမ့်မယ် (မှား)
သူလည်း လာလိမ့်မယ် (မှန်)
အကျွေးအမွေးလဲ ပါဝင်သည်။ (မှား)
အကျွေးအမွေးလည်း ပါဝင်သည်။ (မှန်)


Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.