(ဥ) နှင့် (ဉ)
(ဥ) - (အု)ဟု အသံထွက်ပြီး
(ဉ)- (ညကလေးဖြစ်ပါတယ်)
ဒီနှစ်ခုကလည်း ကျွန်တော်တို့ မှားယွင်းလေ့ ရှိတဲ့ စကားလုံး (၂) ခုဖြစ်ပါတယ်။ အသံထွက်ချင်း အသုံးချင်း မတူကြပါ။ (ဥ) ကခြေတိုပြီး (ညကလေး) ကတော့ ခြေရှည်ပါတယ်။ အသတ်တွေမှာ သုံးသောအရာသည် (ညကလေး)ဖြစ်ပါတယ်။
- စဉ်၊ တံစဉ်း၊ ဥယျာဉ်၊ ယဉ်တကိုယ်မယ် စသည့် စကားလုံးများတွင် အသတ်များသည် (ညကလေးသတ်)များဖြစ်ပါတယ်။ စာရေးတဲ့အခါမှာတော့ (ဥ)နှင့်ကွဲပြားစေရန် ခြေကို အရှည်ဆွဲလေ့ရှိပါတယ်။
- ဉာဏ၊ ဉာဏ်စမ်း ကဲ့သို့ စကားလုံးများတွင်လည်း (ညကလေး) အက္ခရာများဖြစ်ပါတယ်။ (ဥ)အား ရေးချတပ်ထားခြင်းမဟုတ်ပါ။
(ဥ) ကို သုံးသည့်နေရာများကတော့
ဥမ္မာ၊ ဦး၊ ဥူး၊ ဦးဇင်း စသည့် စကားလုံးများမှာသုံးပါတယ်။
အသတ်နေရာမှာ သုံးလေ့မရှိပါ။
ဒါကြောင့်မို့ (ဉကလေးသတ်)သုံးရမည့် နေရာတွင် (ဥ)ကို အသတ်တင်သုံးစွဲမည်ဆိုပါက တင်လို့ရမှာမဟုတ်ပဲ အသတ်တခြား (ဥ)တခြား ဖြစ်နေမှာ ဖြစ်ပါတယ်။
(ညကလေး)အပေါ်တွင် (ီး) တင်မိပါက (အူး)ဟု အသံမထွက် (ငြီး)ဟု အသံထွက်မှာဖြစ်ပါတယ်။ ဒီလိုမှားယွင်းမှုကို ဘယ်အချိန်မှာ သိနိုင်မလဲဆိုရင် TTS ကဲ့သို့ Audio voice ဖြင့် စာတွေကို ဖတ်တဲ့အခါမှာ (ညကလေး)ကို လုံးကြီးတင်ဆံခပ်မိပါက (ငြီး)ဆိုပြီး ထွက်မှာပါ။
ဒါကြောင့်မို့ ကျွန်တော်တို့ စာရေးတဲ့အခါမှာ (ဥ) (အု) အက္ခရာနှင့် (ဉ) (ညကလေး) ကို ခွဲခြားသိဖို့လိုပါတယ်။
font စနစ်အရ (ညကလေး)နှင့် (ဥ) ကို မခွဲခြားတတ်ပါက (ဥ)သည် ခြေအတွင်းထဲသို့ ကွေးဝင်နေပြီး ညကလေးသည် (ဉ) ခြေက အဖြောင့် ဖြစ်ပါတယ်။