Type Here to Get Search Results !

ဩ (အော) သရ

ဩ (အော)


မြန်မာ သရ (၂၂)လုံးတို့တွင် ပါဝင်တဲ့ သရဖြစ်ပါတယ်။ (အော)ဟု အသံထွက်ပါတယ်။
(သ) အက္ခရာကို ရရစ် (ြ)တပ်ထားခြင်း မဟုတ်ပါ။

(သ) ကို (ြ) တပ်ပါက (ရှ)ကဲ့သို့ အသံထွက်မှာသာ ဖြစ်ပါတယ်။ ဘာကြောင့် ရှင်းရတာလဲဆိုရင် မြန်မာစာကို TTS ကဲ့သို့ Audio အနေနဲ့ ဖတ်ခိုင်းတဲ့အခါမှာ အသံထွက်မှားနိုင်တာကြောင့်ဖြစ်ပါတယ်။

  • ဟီရိဩတ္တပ္ပ - ဟီရိအွတ်တပ်ပ ဟု ထွက်ပါတယ်
(အရှက်အကြောက်ဟု အဓိပွာယ်ရပါတယ်)

  • အကယ်၍သာ (သ)ကို (ြ)တပ်ပြီး သွားရေးလိုက်မည်ဆိုပါက
ဟီရိသြတ္တပ္ပ - ဟီရိရွှတ်တပ်ပ ဟု ၍သာ ထွက်ပါတော့မယ်။

ဩဇာသီး (အောဇာသီး)
မလျော်ဩဇာ (မလျော်အောဇာ)
ဩောင်း(အောင်း) စသည်တို့တွင် သုံးသော (ဩ)သည် (ဩ)သရဖြစ်ပါတယ်။

အကယ်၍ (သ)ကိုသာ ရရစ်(ြ) တပ်ပြီး သုံးစွဲမိပါက
ရှဇာသီး၊ မလျော်ရှဇာ၊ ရှောင်း ဆိုတဲ့ အသံပဲ ထွက်မှာ ဖြစ်ပါတယ်။

(သ)ကို ရရစ်(ြ)တပ်၍ သုံးသည့် စကားလုံးကို မတွေ့မိပါ။
ယပင့်(ျ) တပ်၍တော့ သျှီဝ၊ သျှံ၊ သျှား ဟုတော့ သုံးနှုန်းတာမျိုးတော့ ရှိပါတယ်။

ဩသရနှင့် (သ)ကို ရရစ်(သြ)တပ်မိတဲ့ ပုံသဏ္ဌာန်မတူတာက သရဲ့ ရရစ်သည် အောက်ထိ ဆွဲချထားတာကို တွေ့နိုင်ပါတယ်။

အသံထွက်စနစ်မှာ စာလုံးပေါင်းသည် အရေးကြီးလှတာမို့ ခွဲခြားထွက်ပါမှ အသံထွက်မှန်မှာပါ။ (ဩ)အတွက် လက်ကွက်ပေါ်တွင် သီးသန့်ကီးရှိပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.