(ဏ္ဍ) စကားလုံးရှာမတွေ့သူ
(ဏ္ဌ) ဆိုပြီး ရှာမရသူများ
(င်္) ရှာမရခြင်းတွေအတွက်
Auto keyboard တွေသုံးပြီးဖြစ်ဖြစ်၊ သီးသန့်အက္ခရာအဖြစ် မရပ်တည်တဲ့ စကားလုံးတွေကို အက္ခရာသဏ္ဌာန် ယူသုံးခဲ့တာမျိုးဖြစ်ဖြစ် အခြေအနေမှာတော့ အထက်က စကားလုံးတွေက ဘာမှ ပြဿနာမဟုတ်ပေမယ့် တကယ်တမ်း စနစ်တကျ ရိုက်ရတဲ့အခြေအနေမှာတော့ စကားလုံး ရှာမရ၊ မရှာတတ်ဖြစ်တတ်ပါတယ်။
- (ဋ္ဌ) - သီးသန့်ရပ်တည်သော စကားလုံးမဟုတ်ပါ (ဋ်)နှင့် (ဌ)ကို ထပ်ထားခြင်းဖြစ်သည်။ စာရိုက်စနစ်တွင် (ဋ)ကိုရိုက်ပြီး (ဝိရာမ)ခံကာ (ဌ) ရိုက်ရသည်။
- (ဏ္ဍ) - သီးသန့်ရပ်တည်သော စကားလုံးမဟုတ်ပါ။ (ဏ်)နှင့် (ဍ) ကိုထပ်ထားခြင်းဖြစ်သည်။ (ဏ)ကို ရိုက်ပြီး (ဝိရာမ)ခံကာ (ဍ) ရိုက်ရသည်။
- (ဏ္ဌ)- သီးသန့်ရပ်တည်သော စကားလုံးမဟုတ်ပါ။ (ဏ်)နှင့် (ဌ) ကို ထပ်ထားခြင်းဖြစ်သည်။ (ဏ)ကိုရိုက်ပြီး (ဝိရာမ)ခံကာ (ဌ)ကို ရိုက်ရသည်။
- (င်္) သီးသန့်ရပ်တည်မှု မရှိပါ။ (င)ကို အသတ်(်)တင်ပြီး (ဝိရာမ)ခံကာ အောက်မှ ဆင့်လိုသော စာလုံးကို ရိုက်ရသည်။