Type Here to Get Search Results !

စာလုံးဆင့်ခြင်း

လိမ္မော်သီးကို ဘယ်လိုစာလုံးပေါင်းမလဲ

လိမ္မော်သီးရေးတာ အဆင်မပြေဘူးဆိုသူများအတွက်
ကျွန်တော်တို့ အရင်ကလည်း ရှင်းပြဖူးပါတယ်။ မြန်မာစာမှာ စာလုံးဆင့်ပါတဲ့အခါ အသတ်ဆင့်တွေပါတဲ့အခါမှာ နောက်အက္ခရာပေါ်မှာ ရှိနေတဲ့ စာလုံး (သို့မဟုတ်) အသတ်သည် ရှေ့စာလုံးရဲ့ အသတ် ဖြစ်ပါတယ်။ ဒါကြောင့် သူ့ဗျည်း သူ့အသတ် တွဲရေးရပါတယ်။ ဆင့်တာကတော့ (ဝိရာမ)လို့ ခေါ်တဲ့ key လေးနဲ့ ဆင့်သွားတာပါ
  • ဝိရာမဆိုတာ F နေရာမှာ ရှိပါတယ် အပေါ် key ပါ shift နဲ့တွဲနှိပ်ရတယ်။
အခု လိမ္မော်သီးမှာ နောက်က အပေါ်စာလုံး (မ)သည် ရှေ့စာလုံး (လိ)ဆိုတာရဲ့ (မ်)ဖြစ်ပါတယ်။ သူတို့ ၂ နှစ်ခုပေါင်းလို့ (လိမ်)ဆိုတဲ့ အသံထွက်တာပါ
ဗျည်းနဲ့အသတ် အတွဲဖြစ်တဲ့ သူတို့ကို တခါတည်းရေးရတယ်
အဲဒီလို ရေးတဲ့အခါမှာ (မ်) မှန်ပေမယ့်လို့ သူ့အောက်မှာ အက္ခရာရှိတဲ့အတွက် (မ)အပေါ်တွင် (်)ထည့်စရာမလိုပါ။
အဲဒီတော့ ကျွန်တော်တို့က
  • လိ+မ+ွ+​ေ+မ+ာ+် အဲဒီလို သူ့ဗျည်း သူ့အသတ် တွဲရေးပြီးမှ ဆင့်တဲ့စာလုံးကို (ဝိရာမ)နဲ့ခံပြီး ဆင့်တာပါ။
နောက်တခု ခြင်္သေ့ ဆိုပါတော့
နောက်က (သ)အပေါ်မှာ ရှိတဲ့ (င်)က ရှေ့က (ခြ) ရဲ့အသတ်ဖြစ်ပြီး (ခြင်)လို့ထွက်တာပါ။ ဒါကြောင့် သူတို့ တခါတည်း တွဲရေးရပါတယ် ပြီးတော့မှ (ဝိရာမ)နှိပ် (သေ့) ကို ရိုက်လိုက်ရင် ခြင်္သေ့ ပါ
နောက် တခု ကျောင်းသင်္ခမ်း ဆိုပါတော့
(ခ) အပေါ်မှာ ရှိနေတဲ့ (င်) က ရှေ့ (သ)ရဲ့ အသတ်ပါ အဲဒီတော့ သူတို့ကို (သင်)လို့တွဲရေးပြီးမှ (ခမ်း) ကို (ဝိရာမ)နှိပ်ပြီး ရိုက်တာပါ။ ကျောင်း+သင်+္+ခမ်း
သင်္ဘော မှာလည်း ဒီအတိုင်းပဲ (ဘ) အပေါ်က (င်)က ရှေ့က (သ)နဲ့ပဲ ဆိုင်ပါတယ်။ သူတို့ နှစ်ခုကို တွဲရေးပြီးမှ (ဝိရာမ)နှိပ် ပြီး ရိုက်ရတာပါ။
စင်္ကြန် လည်း ဒီသဘောပါပဲ
(င်)သည် (စ)လုံးရဲ့အသတ်ဖြစ်ပါတယ်။ (စင်)လို့ ပြီးအောင်ရေးပြီးမှ (ဝီရာမ) နှိပ်ပြီး (ကြန်) ကိုရိုက်လိုက်ရင် စင်္ကြန် ဖြစ်ပါတယ်။
ဒီနေရာမှာ အောက်ကစာလုံးတွေ ရိုက်တဲ့အခါ (​ေ) တို့ (ြ) တို့ ပါနေတဲ့အခါမှာ ဗျည်းကို အရင်ရိုက်ရမှာလည်း (​ေ)တို့ (ြ) တို့ကို အရင်ရိုက်ရမှာလားနဲ့ ဇဝေဇဝါမဖြစ်ပါနဲ့။ ကျွန်တော်တို့ စာရေးတဲ့အခါ (​ေ) ကို အရင်ရေးပါတယ်။ အဲဒီတော့ အရင်ရိုက်လိုက် (ြ) နဲ့ (အက္ခရာ)နဲ့မှာတော့ အက္ခရာကို အရင် ရေးပါတယ် ပြီးမှ (ြ) တပ်တာပါ။
ဥပမာ အပေါ်က စင်္ကြန် ဆိုတဲ့ စကားလုံးမှာ (စင်)ကို အရင်ရေးလိုက်တယ် ပြီးတော့ (ဝီရာမ)နှိပ်တယ် နောက် ဗျည်းဖြစ်တဲ့ (က) ကို ရေး ပြီးမှ (ြ)တပ် (န်) သတ်လိုက်ရင် စင်္ကြန်ပါပဲ။
အပေါ်က လိမ္မော်သီးမှာဆိုရင် အောက်က (မော်) ကိုရေးတဲ့အခါမှာ (ဝိရာမ)နှိပ် (​ေ)ထိုးရေး (မာ်) ပ​ေါ့။
ဘယ်စကားလုံး ဘယ်လိုစာလုံးဆင့်ပဲဖြစ်ဖြစ် သူ့အသံထွက်အတိုင်း နောက်စာလုံးဆင့်ရဲ့ အပေါ်စာလုံးသည် ရှေ့စာလုံးရဲ့ အသတ်ဖြစ်တယ်ဆိုတဲ့အတိုင်း မှတ်ထားပြီး ဗျည်းနဲ့အသတ်ကို တွဲ​ရေးပြီးမှ အောက်ဆင့်မယ့် အက္ခရာ(သို့မဟုတ်) စာလုံးကို (ဝီရာမ) ခံပြီး ဆင့်လိုက်ရင်ရပါတယ်။
ဒါကြောင့် ဘယ်လိုဆင့်ရမလဲဆိုတာ မရှင်းလင်းရင် စာလုံးရဲ့အသံထွက်၊ အဆင့်ရဲ့အပေါ်စာလုံးက ရှေ့ရဲ့အသတ်ဆိုတာ သိရင် ရှင်းသွားမှာပါ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.