Type Here to Get Search Results !

ငသတ် အသေးလား (င်္)

ငသတ် အသေးလား (င်္)

(ငသတ်) သည် အကြီးအသေးရယ်လို့ ခွဲခြားထားခြင်း မရှိပါ။ (င်္) (င်) အတူတူပါပဲ။ မြန်မာစာသဘောအရ (င်)အောက်မှာ အက္ခရာ ရှိနေတဲ့အခါ (င်)သည် သေးနေပါတယ်။

ဒရင်ကောက် (ဍ) သည် ပုံမှန်အတိုင်းရင် (ဍ) ဒီတိုင်းဖြစ်ပေမယ့် (ကဏ္ဍ)ကဲ့သို့ (ဏကြီး)အောက်တွင် ဆင့်ရသောအခါ လှဲလိုက်သလိုနဲ့ အတူတူပါပဲ။

Unicode စာရိုက်စနစ်တွင် မြန်မာစာရေးနည်းအတိုင်း ရေးလိုက်ရုံပါပဲ။
ဆင့်လိုတဲ့ စာလုံးကို (ဝိရာမ) နှိပ် ပြီးတော့ (င်)အောက်က ဆင့်သည်ဖြစ်စေ၊ (ကဏ္ဍ)ဆိုတဲ့ စကားလုံးမျိုးမှာ (ဍ) ကို အောက်ချသည်ဖြစ်စေ မြန်မာစာ စနစ်အတိုင်းသွားပါတယ်။
  • မန္တလေး - မန္တလေးတွင် (မ)နှင့် သူ့အသတ်ဖြစ်တဲ့ (န) ကို တခါတည်း ရေးပါတယ်။ (နငယ်)အောက်တွင် ဗျည်း (တ) ရှိတာကြောင့် (နငယ်)ကို အသတ်ထည့်စရာမလို) ပြီးမှ (တ)ကို အောက်ချလိုတဲ့အတွက် (ဝိရာမ)ခံပြီး (တ)ရေးရင် မန္တလေး ရပါတယ်။
  • ကဏ္ဍ - ကဏ္ဍ မှာလည်း (က)နှင့် သူ့ရဲ့အသတ် (ဏ) ကိုတခါတည်း ရေးပါတယ်။ (ဏကြီး)အောက်တွင် ဗျည်း (ဍ) ရှိတာကြောင့် (ဏ)မှာ အသတ်ထည့်စရာမလို၊ ပြီးတော့ (ဝိရာမ) ခံပြီး (ဍ) ကို နှိပ်လိုက်ရင် သူ့အလိုလို (ကဏ္ဍ) ရပါမယ်။
သူ့ဗျည်းသူ့အသတ်နဲ့ စကားလုံးဖွဲ့စည်းမှုအတိုင်း သွားရတဲ့အတွက် ဘယ်လိုရေးရလဲမသိရင် အသံထွက်အတိုင်းကြည့်လိုက်ရင် အဆင်ပြေပါမယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.