------++--------
သူက မနက်ခင်းရဲ့ ရောက်နီဦးလည်း
ဖြစ်ခဲ့ဖူးတယ်
ပန်းများရဲ့ ဥယျာဉ်မှူးလည်း ဖြစ်ခဲ့ဖူးတယ်
သာသာယာယာ စာအံသံတွေလည်း နားထောင်ဖူးတယ်
ညီညီညာညာ ခြေလှမ်းတွေလည်းရေတွက်ဖူးတယ်
လှလှပပ ပုံရိပ်တွေလည်း ထင်ခဲ့ဖူးတယ်
သူက
အချိန်တွေပြောင်းလည်း
မပြောင်းလဲတတ်တဲ့ စာသင်ကျောင်းလေ။
သူရိန်