ကွဲပြားပြီးလွဲမှားနေသော အသုံးများ တူညီမှန်ကန်ဖို့နဲ့ Unicode စနစ်နဲ့ စာရိုက်တဲ့အခါမှာ သူ့စာလုံးနှင့်သူ ဆက်စပ်ပြီး ရိုက်နိုင်ဖို့အတွက် လည်ရစ်ပါသော (ဋ္ဌ) နှင့်ပတ်သတ်၍ နောက်ဆက်တွဲအဖြစ်ဖော်ပြလိုက်ပါတယ်။
(ဥက္ကဋ္ဌ) လား၊ (ဥက္ကဌ)လား
ဥက္ကဌ - (စာလုံးပေါင်းမှား)
ဥက္ကဋ္ဌ မှ မှန်ပါတယ်။
အဓိပ္ပာယ်- အကြီးအကဲ၊ အကြီးအမှူး
(ဥက္ကဌ ဟု ရေးပါက စာလုံးပေါင်းမမှန်၊ အဓိပ္ပာယ်မထွက်ပါ)

Wikipedia ၏ရှင်းလင်းချက်
ဥက္ကဋ္ဌတွင် ပါသော လည်ရစ်ဌဝမ်းဘဲသည် ဗျည်းအက္ခရာမဟုတ်။ အသတ်နှင့် ဗျည်းကို ဆင့်ထားသော ပါဌ်ဆင့် ဖြစ်ပါတယ်။ (ဋ်) နှင့် (ဌ) ကို ဆင့်ထားခြင်းဖြစ်တယ်။ သူ့ချည်း အသံထွက်လို့မရ၊ သူ့ရှေ့တွင် အက္ခရာရှိမှ အသံထွက်နိုင်ပါတယ်။
(ဌ) သည် ရိုးရိုးဗျည်း အက္ခရာ ဖြစ်ပါတယ်။ သူ့ချည်း အသံထွက်နိုင်ပါတယ်။ (ထ) နှင့် အသံဆင်တူပါတယ်။နာမည်ကဲ့သို့ စာလုံးပေါင်းသော တလုံးချင်းရပ်သည့် စကားလုံးမျိုးတွင် (ဌ) ကိုသာ သုံးပါတယ်။
- ဥပမာ - ကြည်ကြည်ဌေး၊ ဌေးဌေးအောင်
ရှေ့အက္ခရာကို အသတ်သတ်သော နေရာမျိုးတွင် (ဋ္ဌ) ကို သုံးပါတယ်
- ဥပမာ - အဓိဋ္ဌာန်၊ ဥက္ကဋ္ဌ
Unicode စာရိုက်စနစ်တွင် (ဋ္ဌ) ကိုရိုက်ရန်အတွက် (ဋ)ကိုရိုက်၍ (ဝိရာမ)ခံပြီး (ဌ)ကို ရိုက်ရပါသည်။ ဥက္ကဋ္ဌ စာလုံးနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာမာစာအဖွဲ့၏ အသုံး၊ wikipedia ၏ ဖော်ပြချက်နှင့်မှားယွင်းရေးထားသော ရုံးစာတစောင်ကို ဖော်ပြလိုက်ပါတယ် ရုံးစာတွင်ရေးထားသော ဥက္ကဌသည် မှားပါသည်။

မြန်မာစာအဖွဲ့၏ ပြဋ္ဌာန်းချက်


ဥက္ကဌ ဟု မှားရေးထားသော ရုံးစာ