Type Here to Get Search Results !

ဝိုက်ချ(ာ)နှင့် မောက်ချ(ါ)

ဝိုက်ချ (ာ) နှင့် မောက်ချ(ါ)

စံစနစ်ကလည်း ရေးချ (ာ )နှစ်ခုနဲ့လားလို့ ထင်မှတ် မမှားရအောင်ရယ် မြန်မာစာမှာ ဝိုက်ချ(ာ)နှင့် မောက်ချ(ါ) မတူကွဲပြားပုံကို ဆွေးနွေးလိုပါတယ်။

ရေးချ(ာ)နှင့် မောက်ချ(ါ) တွေသည် (အာ) သရချင်း တူသော်လည်း သုံးသည့်နေရာချင်းမတူ ကွဲပြားပါတယ်။ သူ့နေရာနှင့်သူသာ သုံး၍ရပါတယ်။
ဥပမာ -
  • (ပ) ဗျည်းတွင် ဝိုက်ချ (ာ) တပ်၍ မရပါ (ဟဗျည်းနှင့် မှားနိုင်ပါတယ်)

  • (ဝ) ဗျည်းတွင်လည်း ဝိုက်ချ (ာ) တပ်၍ မရပါ (တဗျည်းနှင့် မှားနိုင်ပါတယ်)

  • (ဒ) ဗျည်းတွင်လည်း ဝိုက်ချ (ာ)တပ်၍ မရပါ (အနှင့် မှားနိုင်ပါတယ်)

  • (ခ) ဗျည်းတွင်လည်း ဝိုက်ချ (ာ) တပ်၍ ရေးထုံးမရှိပါ။

  • (ဂ) ဗျည်းတွင်လည်း ဝိုက်ချ (ာ)တပ်၍ မရပါ (ကဗျည်းနှင့် မှားနိုင်ပါတယ်)

  • (င) ဗျည်းကိုလည်း ဝိုက်ချ (ာ)ဖြင့် ရေးထုံးမရှိပါ။

  • ဒါကြောင့် (ပါ၊ ဝါ၊ ဒါ၊ ခါ၊ ဂါ) စသဖြင့် မောက်ချ(ါ)ဖြင့်သာ တွဲသုံးပါတယ်။
(က၊ ဃ၊ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ ဋ၊ ဌ၊ ဍ၊ ဏ၊ တ၊ ထ၊ န၊ ဖ၊ ဗ၊ ဘ၊ မ၊ ယ၊ ရ၊ သ၊ ဟ၊ ဠ၊ အ) စတဲ့ အက္ခရာတွေမှာတော့ မောက်ချ(ါ)နှင့် တွဲမသုံးပါ ဝိုက်ချသာ သုံးပါတယ်။

အချုပ်အားဖြင့် ပြောရရင် ဝိုက်ချ(ာ)နှစ်ခု ဖြစ်နေခြင်းမဟုတ်ပါ။ ရေးချနှင့် မောက်ချ(ါ) သည် သုံးသည့်နေရာခြင်း လုံးဝမတူ ကွဲပြားပါတယ်။ မြန်မာစာ ရေးသားနည်းစနစ်မှာကိုက ဝိုက်ချ(ာ)နှင့် မောက်ချ(ါ) သည် သူ့နေရာနှင့်သူသာ သုံးစွဲရပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.