Type Here to Get Search Results !

(ဉ) ညကလေးသတ်

မဥ္ဇူသက၊ သဉ္ဇာလီ၊ မေသဉ္ဇာဦး၊ အဉ္ဇလီမောင်မောင်၊ သဉ္ဇာ၊ စဉ်၊ တံစဉ်
စသည့်အသုံးများတွင် သုံးထားသည့် အသတ်များသည် (ဉ်) (ညလေးသတ်) များဖြစ်ကြပါတယ်။ အက္ခရာ (ဥ)(အု)နှင့် မတူပါ။
အက္ခရာ (ဥ)ကို (အသတ်)တင်၍ မသုံးနိုင်ပါ။
အက္ခရာ (ဥ)အား ဥစ္စာ၊ ဥမ္မာ၊ အဆောက်အဦ၊ ဦး၊ ဥူးဇင်း စသည်များတွင် သုံးပါတယ်။
ဦးပဉ္စင်း ဟူသော စကားလုံးနှင့် ပတ်သတ်၍ ဦးဇင်း၊ ဥူးဇင်းဟု ရေးခြင်း သုံ:ခြင်းများ ရှိသော်လည်း စာလုံးပေါင်းအမှန်သည် ဦးပဉ္စင်း ဖြစ်ပါသည်။
ဦးပဉ္စင်း - ရဟန်းတော် ဟု အဓိပ္ပာရသည်။

(ညကလေးကိုတော့) ဉာဏ်ပညာ၊ ဉာဏ၊ စသည်တို့တွင် သုံးလေ့ရှိပါသည်။

အသတ်တင်မရခြင်း (သို့မဟုတ်) စာလုံးပေါင်းမရခြင်းသည် အက္ခရာ(ဥ)နှင့် (ညကလေး) (ဉ) အမှတ်မှားနေခြင်းကြောင့် ဖြစ်ပါသည်။ လက်ကွက်တွင်လည်း သီးခြားစီ တည်ရှိကြပါတယ်။ Unicode စနစ်တွင်လည်း ထိုနှစ်ခုကို မှားယွင်းမှုမဖြစ်ရအောင် သီခြားစီ ခွဲပေးထားပါသည်။ ထို နှစ်ခုအား မှားယွင်းသုံးပါက အသံထွက်စနစ်တွင်လည်း မှန်မည်မဟုတ်ပါ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.