(ဠ) နှင့် (ဋ္ဌ)
(ဠ) နှင့် (ဋ္ဌ) ကို အမှတ်မှားမှုလေးတွေ ရှိနေပါတယ်ခင်ဗျ။
(ဠ)နှင့် (ဋ္ဌ)သည် စကားလုံးမတူ ပုံသဏ္ဌာန်မတူ၊ အသုံးပြုပုံခြင်းလည်း မတူပါ။
ဠ သည် ဗျည်းဖြစ်ပါတယ် (သူ့ချည်းအသံထွက်) (လ)ရဲ့အသံထွက်နဲ့ အတူတူပါဘဲ။ မြန်မာအက္ခရာမှာ ကြီးလေး ခုရှိပါတယ် (ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး) ဖြစ်ပါတယ်။
ဒါဟာ ဠကြီး အက္ခရာဖြစ်ပါတယ်။ သူ့ချည်းတည်ရှိပါတယ်။
- ဂဠုန်၊ ဝေဠုကျော်၊ စကြဝဠာ၊ အာဠာဝက စသည် စကားလုံးတွေမှာ (ဠကြီး)ကို သုံးပါတယ်။
ဋ္ဌ သည် ဗျည်းအက္ခရာမဟုတ်ပါ ပါဌ်ဆင့် စကားလုံး ထပ်ထားတာ ဖြစ်ပါတယ် (ဋ်)နှင့် (ဌ) ကို ထပ်ပြီး (ဋ္ဌ) ဖြစ်သုံးနှုန်းပါတယ်။ သူ့တွင် အသတ်သံပါပါတယ်။ သူ့ရှေ့အက္ခရာ မရှိပဲ မသုံးနိုင်ပါဘူး။
ရှေ့တွင် အက္ခရာမရှိသော အသတ်သံမပါသော နာမည်ကဲ့သို့ စာလုံးများတွင် (ဌ)ကို သုံးပါတယ်။
- ဥပမာ - ကြည်ကြည်ဌေး၊ ဌေးအောင်၊ ကိုဌေး စသဖြင့် သုံးစွဲပါတယ်။ (
(ဋ္ဌ)သည် ပါဌ်ဆင့် စာလုံးဖြစ်၍ (ဌ)သည် ရိုးရိုးဗျည်းစာလုံးဖြစ်ပါတယ်။
- (ဠ)သည် (လ)နှင့်အသံဆင်တူထွက်၍
- (ဋ္ဌ) သည် သူ့ချည်း အသံထွက်လို့မရ ရှေ့က ဗျည်းနှင့် နောက်သရ ပေါင်းမှသာ အသံထွက်နိုင်ပါတယ်။
ဥက္ကဋ္ဌ ကို ဥက္ကဠ ဟု ရေးမိပါက (ဥက်ကလ) ဟုအသံထွက်မှာဖြစ်ပါတယ်။ မှားပါတယ်
(ဠ)နှင့် (ဋ္ဌ)သည် သုံးစွဲပုံ အသံထွက်ပုံ မတူသော စာလုံးများသာဖြစ်ပါတယ်။ မှားရေးတဲ့အခါ စာလုံးပေါင်းလည်းမှား အသံထွက်လည်း မှားနိုင်ပါတယ်။
စာရိုက်စနစ် ကီးဘုတ်ပေါ်တွင် (ဠ)သည် (လ)၏ အပေါ်စာလုံးဖြစ်၍ (ဋ္ဌ)ကတော့ (ဋ)နှင့် (ဌ)ကို (ဝိရာမ)ခံ၍ ထပ်သော စကားလုံးဖြစ်ပါတယ်ခင်ဗျ။