Type Here to Get Search Results !

(စ)စလုံးအက္ခရာနှင့် (ဈ)ဈမျဉ်းဆွဲအက္ခရာ

(စ) စလုံးအက္ခရာ (ဈ) စျမဉ်းဆွဲအက္ခရာ (ဇကဲ့သို့ အသံဆင်တူ)
ဒီအက္ခရာနှစ်ခုမှာ (ဈ)သည် (စ)လုံးကို ယပင့်(ျ) တပ်ထားခြင်းလား၊ (စ)ကို ယပင့်(ျ)တပ်၍ ရေးနိုင်သလား။
မရေးနိုင်ပါဘူး။ သီးသန့် အက္ခရာအဖြစ်တည်ရှိတဲ့ အက္ခရာများ ဖြစ်ကြပါတယ်။

အမြင်အားဖြင့်တော့ (စ)လုံးကို ယပင့်(ျ)တပ်ပြီး (စျ)လို့ ရေးလည်း မသိသာပေမယ့် voice စနစ်နဲ့ Browsing မှာလုံးဝလွဲမှားမှာဖြစ်ပါတယ်။ (ဒီမှာလည်း ပုံသဏ္ဌာန်နှစ်ခုကို သေချာကြည့်မယ်ဆိုရင် (စ)ကို ယပင့်(ျ)တပ်လိုက်ရင် ထောင့်ချိုးတွေနဲ့ (စျ) သွားပြီး (ဈ)ဈမဉ်းဆွဲမှာတော့ အဝိုက်နဲ့သွားတာဖြစ်ပါတယ်)

(စ) စလုံးကို ယပင့် (ျ)တပ်တာနဲ့ (ဈ)ဈမဉ်းဆွဲသုံးတာ ဘယ်လိုလွဲနိုင်မလဲဆိုရင်
  • စလုံးယပင့် (စျ) သုံးသော မဇ္စျိမ ကို (မဇိမ)ဆိုပြီး အသံထွက်ပြပါတယ်။ (ပုံ-၁)
(ပုံ-၁)

  • ဈမဉ်းဆွဲသုံးသော မဇ္ဈိမ ကိုတော့ (မစ်ဇိမ)ဆိုပြီး အသံထွက်ပြပါတယ် (မဇ္ဈိမ-မစ်ဇိမ)သည်သာ အမှန်ဖြစ်ပါတယ်။ (ပုံ-၂)
(ပုံ-၂)
စလုံးယပင့်သုံးသော မဇ္စျိမတွင် စလုံးနှင့်ယပင့်သည် တွဲလျက်မဟုတ်ပဲ အနည်းငယ်ခြားနေမည်။
(စ)စလုံးအက္ခရာအား ရရစ်(ြ)၊ ယပင့်(ျ)များနှင့် တွဲဖက်၍ မသုံးနှုန်းပါဘူး။
  • (ဈ)စျမဉ်းဆွဲအက္ခရာအသုံးတွေကတော့- ဈာန်တရား၊ ဈာပန၊ မဇ္ဈိမ၊ ဈေး၊ ဈေးပေါင်ကျိုး၊ ဈေးသည်၊ ဈေးချို စသည်အသုံးများဖြစ်ပါတယ်။
Google translator ကဲ့သို့ Translator တွေမှာ (ဈ)ဈမဉ်းဆွဲနဲ့ ရေးရမယ့် စာလုံးတွေကို (စလုံးယပင့်နဲ့)ရေးပြီး ထည့်သွင်းထားကြတာတွေ တွေ တွေ့ရပါတယ်။
ကျွန်တော် အောက်က ပုံ (၂)ပုံမှာ မဇ္ဈိမကို (ဈမဉ်းဆွဲ)သုံးထားတဲ့ပုံနဲ့ (စလုံးယပင့်)သုံးထားတဲ့ပုံကို ဖော်ပြထားပါတယ်။

(စ)စလုံးအက္ခရာအား ရရစ်(ြ)၊ ယပင့်(ျ)များနှင့်တွဲဘက်၍ မသုံးစွဲပါဘူး)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.