Type Here to Get Search Results !

Unicode ပြောင်းခြင်း (၂)

Unicode ပြောင်းသုံးတဲ့အခါ Unicode အတွက် ထုတ်ထားတဲ့ Keyboard ပဲသုံးပါ Unicode ပြောင်းထားပြီး zawgyi keyboard နဲ့ရိုက်လို့မရဘူး။ Unicode keyboard လေးပဲ ထည့်ပြီး zawgyi အနေအထားမှာပဲ ထားပြီးလည်း သုံးလို့မရဘူး။

ပုံမှန်အားဖြင့် Unicode ပြောင်းတာမှ အဆင့်တွေ အများကြီးမရှိဘူး။

Samsung

- Phone setting ထဲကို ဝင်ပြီး Display ထဲထပ်ဝင်ပါ။ နောက် Display ထဲက font style မှာ Default ကို ထားပါ (Apple Mint, Samsung san) တွေလည်း ထားလို့ရတယ်) အဲဒါဆို ပြီးပြီ တဆင့်ပဲ ရှိတယ်။ Unicode keyboard အတွက်ကတော့ play store ထဲမှာ Gboard, TTkeyboard ကြိုက်တာယူသုံးပါ။ Samsung version အမြင့်တွေမှာလည်း မြန်မာစာကီးဘုတ်ပါတယ်။
မြန်မာပြည်ကို သွင်းတဲ့ Samsung မှာတော့ (၂)ဆင့်ရှိတယ်။ Font style မှာ Default ထားပြီးရင် language ကိုသွားပြီး English (UK) ကို ပြောင်းပါ English (zawgyi) remove လုပ်ပါရပါပြီ။ စာအမှန်မမြင်ရသေးရင် ဖုန်းကို Restart လုပ်ပေးလိုက်ပါ။

Mi

Phone setting ထဲကို ဝင် Display ထဲက font style မှာ Mi lanting (default) ကို ထားလိုက်ပါ။ keyboard အတွက်ကတော့ Unicode keyboard တခုခုကို ကြိုက်ရာသုံးနိုင်တယ်။ စာအမှန်မမြင်ရသေးရင် ဖုန်းကို Restart လုပ်ပေးလိုက်ပါ။

Huawei, Oppo,Vivo, Hornor

ဒီဖုန်းတွေမှာ အားနည်းချက်ရှိပါတယ်။ Default system အနေအထားမှာ Unicode စည်းမျဉ်းကို မလိုက်နာထားပါဘူး/ Unicode မဖြစ်တာတွေကို ရောချထားတယ်။ Font style ကို သီးသန့်မခွဲပေးထားဘူး။ အဲဒီတော့ သူတို့ကို Unicode ပြောင်းသုံးချင်ရင် language ကို ဗမာ မှာထားပြီး သုံးရင် Unicode ပါပဲ။ Keyboard ကတော့ Unicode keyboard တခုခု ကြိုက်ရာသုံးပါ။ Phone setting ကတော့ မြန်မာလိုပဲ ဖြစ်နေပါမယ်။ ကိုယ်က ထွင်သုံးချင်တာ English default အနေအထားမှာပဲ Unicode သုံးချင်တာဆိုရင်တော့ နားလည်တတ်ကျွမ်းသူကို အကူအညီတောင်းသင့်ပါ။ တယ်။
ကိုယ်က setting အနေအထားတွေ ဘာတွေ မကျွမ်းကျင်ပဲနဲ့ စမ်းတဝါးဝါးမလုပ်ပါနဲ။ Ph setting ကို မြန်မာလို သုံးရတာဆိုပေမယ့် စာက ဖတ်လို့ရတဲ့ မြန်မာလို အမှန်တွေပဲ မြင်ရမှာပါ။ English လို မြင်နေကျကနေ မြန်မာလို မြင်ရတာပဲ ကွာသွားတယ်။

Unicode ပြောင်းတဲ့အခါမှာ စာတွေ အမှန်မမြင်ရဘူးဆိုရင် ဖြစ်နိုင်ချေတွေက Unicode keyboard ပဲ ထည့်ရသေးတာဖြစ်ပြီး ဖုန်းကို Unicode မပြောင်းရသေးရင် စာတွေ မမှန်ဘူး။ Keyboard မှာ စာတွေ မမှန်ဘူး။ ယပင့်(ျ)နှင့် ရရစ်(ြ)တွေ နေရာလွဲနေတတ်တယ်။ ဒါဆိုရင် ဖုန်းက Unicode မဖြစ်သေးဘူး။ Google Map ဖွင့်ကြည့်ရင် မြန်မာလိုတွေ မမှန်ဘူး ဖြစ်တတ်တယ်။

Unicode ပြောင်းပြီးတာ သေချာပြီ စာရိုက်ရတာ မမှန်ဘူး။ သဝေထိုး (​ေ)တွေလွဲနေတယ် အသတ်တွေတင်ရင် ယပင့်(ျ)တွေ ထွက်နေတယ်ဆိုရင် Keyboard မှားနေတာ။ Unicode ကို zawgyi keyboard ရိုက်နေတာကြောင့် ဖြစ်တတ်တယ်။ Unicode keyboard ပြောင်းသုံးပါ။ Gboard, TTkeyboard (Myansan), Bagan (Unicode), Frozen (Unicode) စသဖြင့် သုံးပါ။

ရှုပ်ရှုပ်ထွေးထွေးမရှိပါ။ ဖုန်းတွေမှာ Default setting, Unicode ဆိုတာ ရှိပြီးသားမို့ Unicode အနေအထားကို ပြောင်းလိုက်ပြီး သူနဲ့ လိုက်ဖက်တဲ့ ကီးဘုတ်နဲ့ သုံးရုံပါပဲ။ ရိုးရိုးလေးပဲ ရိုးရိုးလေးပဲ ပြောင်းကြည့်ပါ။ အခက်အခဲရှိခဲ့ရင်လည်း အချင်းချင်းကူညီကြပါခင်ဗျ။

ဒါပါပဲ ကျေးဇူးတင်ပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.