Type Here to Get Search Results !

(ဋ္ဌ) လည်ရစ်ပါသော (ဌဝမ်းဘဲ)

(ဋ္ဌ) လည်ရစ်ပါသော (ဌဝမ်းဘဲ)


Unicode စနစ်တွင် လည်ရစ်ပါသော ဌဝမ်းဘဲ (ဋ္ဌ)သည် မြန်မာစာ ဖွဲ့စည်းမှုအတိုင်း ရေးရသော စာလုံးဖြစ်ပါတယ်။
(ဋ္ဌ) သည် ရိုးရိုးစာလုံးမဟုတ် (စာလုံးဆင့်)ဖြစ်ပါတယ်။ (ဋ်)နှင့် (ဌ)ကို ထပ်ထားခြင်းဖြစ်ပါတယ်။
ဥပမာ - ဥက္ကဋ္ဌ ဟူသော စကားလုံးတွင်
ရှေ့ (ဥ)ကို နောက် အပေါ် (က်) သတ်ပါတယ်။ အောက် (က)ကို နောက်က (ဋ်) သတ်ပါတယ်။ (ဋ်)နှင့် (ဌ) သတ်သော စာလုံးဆင့်ကို (ဋ္ဌ) နဲ့ ကိုယ်စားပြုသုံးစွဲပါတယ်။
ဥက္ကဌ (မှား)၊
ဥက္ကဋ္ဌ (မှန်)
(ဋ္ဌ) သုံးသော စကားလုံးများမှာ - အဋ္ဌမ၊ ကုဋ္ဌနူနာ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဓိဋ္ဌာန် စသည့်စကားလုံးများဖြစ်သည်။

Unicode စနစ်တွင် မြန်မာစာသင်ကြီးနည်းအတိုင်း ရိုက်ရသော စနစ်ဖြစ်သောကြောင့် (ဋ္ဌ) ကိုရိုက်ရာတွင် (ဋ်)နှင့် (ဌ)ကို ထပ်ထားသည်ဆိုသည့်အတိုင်း (ဋ္ဌ) ကိုရေးတဲ့အခါမှာ (ဋ) ကိုရိုက် (ဝိရာမ)ခံ (ဌ) ရိုက်ရပါတယ်။

ဖြည့်စွက်ချက်

ဒိဋ္ဌိ ဟူသော စကားလုံးတွင်လည်းလည်း (ဒိဋ်)နှင့် (ဌိ) ကို ပေါင်းစပ်ပြီး (ဒိဋ္ဌိ) ဟု ရေးရပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.