Type Here to Get Search Results !

မြို့လေးရဲ့ခံစစ်

Photo credit - here

မြို့လေးရဲ့ခံစစ် "

တချိန်က ရွှေခြေကျင်းလေးတွေက
ခုတော့ ဓားကိုယ်စီထမ်းရတော့မလိုလို
ရှေ့လမ်းကို သွားနေရချိန် နောက်ကျောကို သတိထားရတယ်
ငွေစက္ကူ တွေ ဖွက်ထား
လက်၀တ်လက်စားတွေ ချွတ်ထား
အသက်ကို သတိနဲ့ထုပ်ထား
နေ့တဓူဝ ကျီးလန့်စာ စားနေရတာ
မှောင်ရိပ်ခိုသမားတွေ ရဲတင်းလာပြီ
ဒုစရိုက်သမားတွေ ရှေ့တိုးလာပြီ
တို့မြို့လေးဆီကို တက်လာတဲ့ ရန်သူတွေကို ကျည်ကုန်ယမ်းကုန် ခုခံနေရပြီ။
စိုးမိုးရမယ့်အရာတွေက မစိုးမိုးတော့ချိန်
မကြီးစိုးသင့်တဲ့ အရာတွေ ကြီးစိုးကုန်ပြီ။
အမှောင်သားတွေ ဟားတိုက်နေပြီ
နာရီစင်ကြီးက ငိုကြွေးနေပြီ။
နေရာတိုင်းမှာ ကြေညာကပ်ပေးပါ
*အလည်လွန်နေတဲ့ ဥပဒေ ရောက်ရာအရပ်က အမြန်ပြန်လာ*
သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.