Type Here to Get Search Results !

ရေးမိရေးရာ (၁)



မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူ ၁၄ သန်းနီးပါးရှိပြီး အဲဒီအထဲက ၁၁ သန်းဟာ Facebook သုံးကြတယ်။ Smart phone တလုံးရှိရင်ပဲ အင်တာနက် သုံးနိုင်ပြီဆိုတော့ အင်တာနက်ပေါ်ရောက်ကြပြီ။ ၁၄ သန်းဆိုတာဟာ မြန်မာနိုင်ငံ လူဦးရေ ၅ ပုံ ၁ ပုံပါပဲ။ တဘက်က ကြည့်ရင် လူတိုင်းနီးပါး အင်တာနက် မသုံးနိုင်သေးပေမယ့် မြန်မာနိုင်ငံလူဦးရေရဲ့ ၅ ပုံ ၁ ပုံက အင်တာနက် သုံးနိုင်နေပြီလို့ ပြောမယ်ဆိုပြောလို့ရပြီ။ Online ပေါ်ကနေ ဈေးရောင်းဈေးဝယ်၊ ငွေချေ၊ ပစ္စည်းမှာ အားလုံးကို ဖုန်းနဲ့ သုံးလို့ရပြီ။ စာတွေ Data တွေကအစ Viber တွေကပို့ Print ထုတ်ပြီး ပူးတွဲတွေတောင် လုပ်နေကြပြီ။ သို့ပေမယ့် များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ အင်တာနက်ပေါ် ရောက်လာသူတွေဟာ လုံခြုံမှု၊ ကိုယ်ရေးအချက်အလက် စတာတွေကို ကောင်းကောင်းမသိဘူး။ အကောင့်ဖွင့်လိုက်တယ်။ User information ထည့်ချင်မှ ထည့်တယ်။ လုံခြုံမှုတွေ ဘာတွေလည်း မထည့်ဘူး။ ကိုယ့် ID ကိုယ်မသိဘူး။ username ကို မသိဘူး။ Recovery နဲ့ ပတ်သက်ပြီး ဘာမှ ထည့်သွင်းခြင်း မလုပ်ပဲ ဒီတိုင်းပဲ သုံးကြတယ်။ တချို့ အချက်အလက်တွေက ထည့်ချင်ထည့် မထည့်ချင်နေ user သဘောပဲ နေလို့ရတယ်။ ဒါပေမယ့် နောက် ဘာတွေဖြစ်လာလဲဆိုတော့ Password တွေ မေ့တယ်။ Security မခိုင်မာတဲ့အတွက် သူများယူသုံးတယ်။ ပြဿနာတွေ တက်တယ်။ Account has locked ဖြစ်တယ်။ ရိုးရိုးတန်းတန်း ဘာမှ မရှိတဲ့ Account ဆိုဘာမှ မဖြစ်ပေမယ့် အရေးကြီးတဲ့ အချက်အလက်တွေပါသွားတာမျိုးဆို မျက်ကလူးဆန်ပြာ ဖြစ်ရတယ်။ ကိုယ့်အကောင့်ကို ရသွားလို့ ဂြိုလ်မွှေပြန်ရင်လည်း လိုက်ရှင်းရဦးမယ်။ ကိုယ့်အကောင့်ကိုယ်သုံးတာ Low profile သုံး သုံးဘာသုံး user သဘောပဲ။ ဒါပေမယ့် ဘာမှ သေချာရေရာတဲ့ အကောင့်မဟုတ်တော့ ပျက်သွားလိုက် locked ဖြစ်လိုက် အသစ်ဖွင့်လိုက်နဲ့ အကောင့်တွေ ဖောင်းပွလာတာပဲ ရှိတယ် ဘာမှ မထူးဘူး။ ကိုယ်က အပြင်မှာ မှတ်ပုံတင်/ID ကိုင်ပြီး နေတဲ့ လူတယောက်ဖြစ်သလို အင်တာနက်ပေါ်မှာလည်း ကိုယ့် ID နဲ့ကိုယ် အခိုင်အမာရှိထားရင် အကောင်းဆုံးပဲ။ အပြင်မှာ လူတွေရဲ့ ပြုမူပြောဆိုမှုကို ကြည့်ပြီး ဒီလူက ဘာလဲဆိုတ အကဲဖြတ်ကြသလိုပဲ အင်တာနက်ပေါ်မှာလည်း လူတယောက်ရဲ့ Profile, Activity ကို ကြည့်ပြီး ဒီလူဘာလဲဆိုတာ အကဲဖြတ်တတ်ကြပါတယ်။
ဟိုး အရင်တုန်းကတော့ Website, social media တော်‌တော်များများကို ဝင်ရောက်တဲ့အခါ မြန်မာ ဖုန်းနံပါတ်နဲ့ မရလို့ နိုင်ငံခြားမှာ ရှိနေသူတွေရဲ့ အကူအညီ Confirm code ဖြည့်ခဲ့ရတာတွေရှိတယ်။ ဖုန်းနံပါတ် မရှိရင် E-mail တခုခုသုံးပြီး ဖွင့်ရတယ်။ အဲဒီ E-mail address ကိုယ့်ရဲ့ Recovery E-mail အဖြစ်ထားရတယ်။ အခုက တော်တော်များများ ဖုန်းကိုင်နိုင်ပြီ။ မြန်မာဖုန်းနံပါတ်နဲ့ ဝင်ရောက်နိုင်ပြီ။ ကိုယ့် ဖုန်းနံပါတ်နဲ့ security မြှင့်ပြီး Recovery ပြန်ထားဖို့ကိုတော့ မလုပ်ကြဘူး။ Account တွေတင် ဖောင်းပွတာ မဟုတ်ဘူး။ Sim card တွေလည်း ဖောင်းပွနေတာက ပြဿနာတခုပဲ။ ထည့်ခဲ့တဲ့ ဖုန်းနံပါတ်က မရှိတော့တာနဲ့ဘာနဲ့ တခါသွားပြန်ရော။
နိဂုံးချုပ်ရရင် ဘဝမှာ 50℅ က အင်တာနက် ဖြစ်နေပြီ။ သင်ဟာ Facebook သုံးတယ်ဆိုရင် တရက်တရက်ကို သင် Facebook သုံးတဲ့ အချိန်ဟာ အနည်းဆုံး ၄ နာရီလောက် ရှိပါလိမ့်မယ်။ Your time on Facebook ကြည့်ပါ။ ဆိုတော့ကာ ဘဝရဲ့ တစိတ်တပိုင်းက အင်တာနက်ပေါ့။ ကိုယ်က အပြင်မှာ ID/passport ကိုယ်သုံးသလို အင်တာနက် ပေါ်မှာလည်း ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြုနိုင်မယ့် ID နဲ့ သုံးနိုင်ရင် အကောင်းဆုံးပဲ။ ကိုယ့်ရဲ့ username ကို မှတ်ထား၊ ကိုယ့်ရဲ့ မွေးနေ့ကို အမှန်ထည့်၊ information တွေ ပြည့်စုံအောင် ထည့်ထားတာ အကောင်းဆုံးပဲ။ အချက်အလက်တွေကို ဘယ်သူတွေကို ပေးသိမလဲ ကိုယ်တယောက်ပဲ မြင်ရုံထားမလားဆိုတာ ၊ Public, friend, only me စသဖြင့် Privacy setting ရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ တယောက်နဲ့တယောက် ယုံယုံကြည်ကြည် လေးလေးစားစား ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ အတွက် ကိုယ့်ကို ကိုယ်စားပြုနိုင်မယ့် Profile တွေ တတ်နိုင်သမျှလုပ်စေချင်မိတယ်။

သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.