Type Here to Get Search Results !

စာလုံးဆင့်ခြင်း (၄)

စာလုံးဆင့်ခြင်း (၄)


စာလုံးဆင့်ခြင်း အခက်အခဲရှိသူတွေအတွက် စာလုံးဆင့်ခြင်း (၄) အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ အရင် အကြောင်းအရာတွေမှာတော့ Auto မဟုတ်ပဲ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် စာလုံးတွေ၊ စာလုံးဆင့်တွေ ရိုက်လို့ရအောင် စာလုံးတွေ ဘယ်လိုဖွဲ့စည်းပြီး ဘယ်လိုရိုက်တယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။
ခုဒီမှာတော့ ဖုန်းအသုံးပြုသူတွေအနေနဲ့ စာလုံးဆင့်တဲ့အခါမှာ အဆင်ပြေမယ့် နည်းလမ်းတခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ TTkeyboard ပါ။ Ko Thant Thet Khin Zaw ရေးသားထားတဲ့ TTkeyboard ကိုသုံးပြီး Unicode မှာ စာလုံးဆင့် ကို Long press key အနေနဲ့သုံးလို့ရပါတယ်။ အခြား ဒီလိုရတဲ့ Keyboard တွေလည်း ရှိမှာပါ။ ကျွန်တော်ကတော့ TTkeyboard ကိုပဲ ထည့်သွင်းအသုံးပြုနေတာဖြစ်လို့ TTkeyboard နဲ့စာလုံးကို ဘယ်လိုဆင့်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်ခင်ဗျ။
TTkeyboard မှာ ဆင့်ချင်တဲ့စာလုံးကို ခဏဖိပေးထားပြီး စာလုံးဆင့်လို့ရတဲ့ Function ပါဝင်တယ်။
ဥပမာ- တက္ကသိုလ်ကို ရေးမယ်ဆိုရင် တက( နောက်ကကို ခဏထပ်ဖိလိုက်ရင် ကကြီးတလုံးက အောက်က ထပ်ဆင့်သွားမယ်) တက္ကသိုလ်ဆိုပြီး ရိုက်နိုင်ပါတယ်။
အက္ခရာ ဆိုရင်လည်း အက( ခ ကို ခဏဖိပေးလိုက်ရင် (ခ) ကအောက်မှာ သွားဆင့်ပြီး) အက္ခရာ ရပါတယ်။
(ဋ္ဌ) - လည်ရစ်ပါ (ဋ္ဌ) မှာဆိုရင်လည်း (ဌ) လေးကို ကြာကြာဖိပေးတာနဲ့ (ဋ္ဌ) ဆိုပြီး ရေးလို့ရပါတယ်။
မင်္ဂလာ - ရေးတဲ့အခါဆိုရင်လည်း မင် လို့ ရေးပြီး (ဂ)ကို ခဏဖိပေးတာနဲ့ မင်္ဂ လာ ဆက်ရေးသွားရုံပါပဲ။
အောက်မှာလည်း နမူနာ Video လေးနဲ့ ပြထားပါတယ်။
Voice typing အနေနဲ့လည်း Google voice typing ကို Active လုပ်ထားမယ်ဆိုရင် TTkeyboard ရဲ့ ညာဘက်အပေါ်ထောင့်မှာ Mic လေးပေါ်နေမှာဖြစ်ပြီး Voice typing ကို သုံးနိုင်ပါတယ်။
TTkeyboard ကို play store ရတဲ့လူတွေက ဒီနေရာမှာနှိပ်၍ ယူနိုင်ပါတယ်။
Play store မရရင်လည်း Apkpure မှာယူနိုင်ပါတယ်။
Keyboard ကို install လုပ်ပြီးတဲ့အခါမှာEnglish သို့မဟုတ် မြန်မာ လက်ကွက် တမျိုးတည်းဖြစ်နေခဲ့ရင် Keyboard ကိုဖွင့်ဝင်ပြီး Language မှာ use system language ကို ပိတ်ပြီး English (UK) နဲ့ Myansan တို့ကို (On) ပေးရပါတယ်။ ဒါဆိုရင်တော့ English , Myanmar လက်ကွက် (၂)မျိုးလုံးသုံးနိုင်ပါတယ်။

အကယ်၍ Keyboard ထည့်သွင်းပြီးတဲ့အချိန်မှာ English (or) မြန်မာ လက်ကွက်တခုတည်း ဖြစ်နေပါက Keyboard ကိုဖွင့်ဝင်ပါ။ Language ကိုနှိပ်ပါ။


Use system Language ကိုပိတ်ပြီး English (UK) နဲ့ Myansan ကို ဖွင့်ပါ။




သူရိန်
Tags

Post a Comment

4 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.