Type Here to Get Search Results !

သင် အချိန်ကို ပိုင်ဆိုင်ပါသလား

အချိန်
ဘဝမှာ အကြီးမားဆုံး အမှားက ဘာများလဲ? 
အကြီးမားဆုံးအမှားက အချိန်ရှိတယ်လို့  ထင်နေခြင်းပါပဲ။ အချိန်ကို အခမဲ့ရရှိတယ်။ ဒါပေမယ့် အချိန်ကို တန်ဖိုးဖြတ်လို့မရပါဘူး။ သင် အချိန်ကို မပိုင်ဆိုင်နိုင်ဘူး။ ဒါပေမယ့် သင် အချိန်ကို အသုံးချလို့တော့ရတယ်။ အချိန်ကို သင်သိမ်းထားလို့ မရဘူး။ သို့ပေမယ့် အချိန်ကို သုံးစွဲလို့တော့ ရတယ်။ အချိန်ကို တစ်ကြိမ်ဆုံးရှုံးပြီးရင်တော့ နောက်တစ်ကြိမ် သင်ပြန်မရတော့ဘူး။ ပျမ်းမျှအားဖြင့် လူ့သက်တမ်းဟာ ၇၈ နှစ်ရှိပါတယ်။ ကျွန်တော်တို့ဟာ ၂၈.၃ နှစ်ကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးပါတယ်။ ဒါဟာ လူ့သက်တမ်းရဲ့  ၃ ပုံ ၁ ပုံကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးစေတာပါ။ ၁၀.၅ နှစ်ကို အလုပ်လုပ်ရင်းဖြင့် ကုန်ဆုံးပါတယ်။ ဒါပေမယ့် အလုပ်လုပ်နေသူ ၅၀% ဟာ လက်ရှိ အလုပ်ကနေ ထွက်ချင်နေကြပါတယ်။ အချိန်ဟာ သင်ရှာနိုင်တဲ့ ငွေကြေးထက်ပိုပြီး တန်ဖိုးကြီးပါတယ်။ သင် ငွေကြေးတွေ အများကြီး ရချင်ရမယ်။ အချိန်ကိုတော့ သင်များများစားစား ရမှာ  မဟုတ်ပါဘူး။
ကျွန်တော်တို့ဟာ သက်တမ်းရဲ့ ၉ နှစ်ကို တီဗွီကြည့်ခြင်းနဲ့ လူမှုကွန်ယက်သုံးစွဲခြင်းတွေမှာ ကုန်ဆုံးပါတယ်။ ၆ နှစ်ကိုတော့ ထွေလီကာလီလုပ်ဆောင်ခြင်းတွေမှာ သုံးပါတယ်။ ၄ နှစ်ကိုတော့ စားသောက်ခြင်းမှာ သုံးစွဲပါတယ်။ ၃.၅ နှစ်ကိုတော့ သင်ယူလေ့လာခြင်းမှာ သုံးစွဲပါတယ်။ ၂.၅ နှစ်ကိုတော့ ပြင်ဆင်ခြင်းတွေမှာ သုံးပါတယ်။ နောက်ထပ် ၂.၅ နှစ်ကိုလည်း စျေးဝယ်ခြင်းမှာ သုံးတယ်။ ၁.၅ နှစ်ကိုတော့ ကလေးတွေကို ထိန်းကျောင်းခြင်းတွေမှာ သုံးပါတယ်။ ၁.၃ နှစ်ကိုတော့ လူမှုဆက်ဆံရေးနယ်ပယ်မှာ သုံးတယ်။ ဒီနှစ်တွေကို နှုတ်ပယ်လိုက်ရင် ကျွန်တော်တို့လက်ထဲ ၉ နှစ်သာကျန်ပါတယ်။ ဒီလက်ကျန်အချိန်ကို ဘယ်လိုအသုံးချမလဲ? Steve Job က ပြောဖူးတယ်။ “မင်းရဲ့အချိန်တွေက အကန့်အသတ်ရှိတယ်။ဒါကြောင့်မို့ မင်းရဲ့ အချိန်တွေကို မဖြုန်းပစ်ပါနဲ့”တဲ့ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခုကိုလည်း ပြောပြချင်ပါတယ်။ သတင်းဆိုးကတော့ အချိန်တွေက ပျံသန်းနေတယ် သတင်းကောင်းကတော့ သင်က ပျံသန်းနေတဲ့ ချိန်တွေကို အသုံးချနိုင်တဲ့ ပိုင်းလော့တစ်ယောက်ပါပဲ။ နေ့တိုင်း သင်အိပ်ရာက နိုးထတဲ့အခါ သင့်ရဲ့ ဘဏ်အကောင့်ထဲမှာ ငွေ ၈၆,၄၀၀ ရှိတယ်လို့ စိတ်ကူးကြည့်ပါ။ နောက်ပြီး အဲဒီငွေတွေဟာ ညရောက်တဲ့အခါ သင်သုံးသုံး မသုံးသုံး ကုန်ဆုံးသွားရမယ်ဆိုတာကိုလည်း တွေးပါ။ နောက်နေ့တွေမှာ ဒီပုံစံအတိုင်း သင်ပြန်ရမယ်။ ဒီလိုဆိုရင် သင်ဘာလုပ်မလဲ…ဒီအတိုင်းပဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲကို စက္ကန့်ပေါင်း ၈၆၄၀၀ ထည့်သွင်းပေးပါတယ်။ တနေ့ကုန်သွားရင် ဒီစက်ကန့်တွေ ကုန်ဆုံးသွားပြီး နောက်ထပ် စက္ကန့်ပေါင်း ၈၆၄၀၀ ထပ်ရောက်လာပါမယ်။ ဒီစက္ကန့်တွေသာ ငွေတွေဆိုရင် ကျွန်တော်တို့အနေနဲ့ အချည်းနှီး ဖြုန်းတီးပစ်ကြမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာကြောင့် အချိန်တွေကို အလကားသက်သက် ဖြုန်းတီးနေကြပါသလဲ။ အဲဒီစက္ကန့်တွေဟာ ငွေကြေးထက် များစွာ တန်ဖိုးကြီး ပါတယ်။ ဘာဖြစ်လို့လဲ.. ငွေတွေကို သင်အများကြီး ရှာလို့ရပေမယ့် အချိန်ကို သင် ရှာလို့ မရသလို ပြန်ဝယ်လို့လည်း မရပါဘူး။ အချိန် ၁ နှစ်ရဲ့ တန်ဖိုးကို နားလည်ဖို့စာမေးပွဲမအောင်တဲ့ ကျောင်းသားတစ်ယောက်ကို မေးကြည့်ပါ။ အချိန် ၁ လရဲ့ တန်ဖိုးကို နားလည်ဖို့ မွေးဖွားခါနီး ကိုယ်ဝန်ပျက်ကျသွားတဲ့ မိခင်တစ်ယောက်ကို မေးကြည့်ပါ။ အချိန် ၁ ပတ်ရဲ့ တန်ဖိုးကို နားလည်ဖို့ မဂ်ဂဇင်း အယ်ဒီတာတစ်ယောက်ကို မေးကြည့်ပါ။ အချိန် ၁ နာရီရဲ့ တန်ဖိုးကို နားလည်ဖို့ ဝေးကွာနေတဲ့ ချစ်သူနှစ်ယောက်ကို မေးကြည့်ပါ။ အချိန် ၁ မိနစ်ရဲ့ တန်ဖိုးကို နားလည်ဖို့ လေယာဉျ၊ ရထား ကို လက်မတင်ကလေးနောက်ကျသွားတဲ့ ခရီးသည်တစ်ယောက်ကို မေးကြည့်ပါ။  အချိန် ၁ စက်ကန့်ရဲ့ တန်ဖိုးကို နားလည်ဖို့မတော်တဆမှုဖြစ်ဖို့ သီသီကလေးလွတ်သွားသူ တစ်ယောက်ကို မေးကြည့်ပါ။ စက်ကန့်စိတ်ကလေးတစ်ခုရဲ့ တန်ဖိုးကို နားလည်ဖို့ အိုလံပစ်ပြေးပွဲမှာ ဒုတိယဆုသာ ရရှိခဲ့သူတစ်ယောက်ကို မေးကြည့်ပါ။ အခြားလူတွေက ကျွန်တော်တို့ အချိန်ကို လာဖြုန်းနေတယ်လို့ ကျွန်တော်တို့ထင်တယ်။ တကယ်တော့ ဒီလိုလုပ်ဖို့ကို ကျွန်တော်တို့ ကိုယ်တိုင်က ခွင့်ပြုထားတာ ဖြစ်နေတယ်။ ဘဝနဲ့ အချိန်ဆိုတာ ကျွန်တော်တို့ရဲ့ ဆရာတွေပဲဖြစ်တယ်။ အချိန်ကို ကောင်းကောင်းအသုံးဖို့ ဘဝက ကျွန်တော်တို့ကို သင်ပေးတယ်။ အချိန်ကတော့ ဘဝရဲ့ တန်ဖိုးကို သင်ပေးတယ်။ ရှိတ်စပီးယားက ပြောဖူးတယ်။“*အချိန်ဆိုတာ အလိုတဲ့လူအတွက် နှေးလွန်းတယ်ထိတ်လန့်နေသူအတွက်တော့ မြန်လွန်းတယ် ဝမ်းနည်းနေသူအတွက် ရှည်ကြာလွန်းတယ် အောင်မြင်ကျော်ကြားသူအတွက်တော့ ကာလတို လွန်းတယ် အချစ်နေသူအတွက်တော့ အချိန်ဆိုတာ အဆုံးအစမဲ့ ဖြစ်တယ်* သင်ပိုင်ဆိုင်တဲ့အချိန်ကိုသုံးပါ။

#အချိန်ကိုမဖြုန်းပါနဲ့

အင်တာနက်ပေါ်မှ နှစ်သက်သည့်အကြောင်းလေးအား ပြန်ဆိုထားခြင်းဖြစ်သည်။
သူရိန်
၁၉.၇.၂၀၁၉


Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.