ဝင်ငွေနှင့် ထွက်ငွေ
အရင်တုန်းကတော့ ငွေရေးကြေးရေးဆိုတာ ကိုယ်တွေနဲ့မဆိုင်ဘူး ဘဏ္ဍာရေးဆိုတာလည်း ကိုယ်တွေကိစ္စမဟုတ် စာရင်းကိုင်တွေ ဘဏ္ဍာသမားတွေရဲ့ ကိစ္စ သူတို့အလုပ်လို့ပဲထင်ခဲ့တယ်…ကျွန်တော်တို့ ငွေတွေရှာကြတယ်။ ပင်ပင်ပန်းပန်းလုပ်ကြတယ် ပိုက်ဆံတွေ စုတယ် စိတ်ကူးတွေယဉ်တယ်ဒါပေမယ့် ထင်သလောက် ဖြစ်မလာဘူး။ ငွေတွေဝင်တယ် ငွေတွေရတယ် ဒါပေမယ့် လက်ထဲမှာမရှိဘူး… ဘယ်ရောက်ကုန်လည်း စဉ်းစားတဲ့အခါ ဘာတွေမှန်း မသိတော့ဘူး… သုံးဖြုန်းပစ်လိုက်သလားဆိုတော့လည်း မဟုတ်ပြန်ဘူး.. တကယ်တော့ ကျွန်တော်တို့က ငွေကြေးစီဆင်းမှုကို နားမလည်လို့ ကျွန်တော်တို့ ငွေကို ဘယ်လိုကိုင်တွယ်နေသလဲ...ငွေရပြီးတော့ ကျွန်တော်တို့ ဘာလုပ်သလဲဆိုတာ မသိတဲ့အခါကြတော့ ငွေတွေရတယ် ဝင်တယ်။ ဒါပေမယ့် လက်ထဲမှာ မရှိဘူး ဒုံရင်းက ဒုံရင်းပဲ။ ဒီတိုင်း သံသရာလည်ပြီး စိတ်ကူးယဉ်လိုက် နောက်ထပ်လာမယ့် ငွေကြေးကို မျှော်လိုက်နဲ့ အချိန်တွေ ကုန်နေရတယ်။
ကျွန်တော်တို့ရဲ့ငွေကြေးနဲ့ ပတ်သက်တဲ့ အိပ်မက်တွေလည်း နီးမလိုလိုနဲ့ ဝေးဝေးနေရတယ်။ ပြောရရင်တော့ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ သိဖို့လိုနေတာတွေ ရှိတယ်။ အဲဒီအရာတွေကို သိလိုက်သိထားရမယ်…ကျွန်တော်တို့ရဲ့ ငွေကြေးစီးဆင်းမှု ဝင်ငွေ ထွက်ငွေတွေကို မဖြစ်မနေ သိကို သိထားပါမယ်။ ဝင်ငွေထွက်ငွေကို မသိတဲ့အခါ သုံးရမယ့် ပမာဏကို မခန့်မှန်းနိုင်တော့ဘူး။ ဒီအခါကျတော့ ကိုယ့်ရဲ့ လက်ရှိသုံးရမယ့် ပမာဏထက် ကိုယ့်ရဲ့ အသုံးအစွဲက ကျော်လွန်သွားတဲ့အခါ စိတ်ညစ်စရာတွေပဲ ဖြစ်လာရတယ်။ ကိုယ့်ရဲ့ ဝင်ငွေနဲ့ထွက်ငွေကို မစောင့်ကြည့်ထားတော့ တခုခုတွေ့တဲ့အခါ ကိုယ့်အတွက် လိုလိုမလိုလို ဝယ်ပစ်လိုက်တာမျိုး သိပ်အရေးမကြီးတဲ့အရာတွေအတွက် သုံးပစ်လိုက်တာမျိုးတွေနဲ့ ကျွန်တော်တို့ရဲ့ ငွေကြေးတွေကို သုံးပစ်လိုက်ကြတယ်။ နည်းနည်းသုံးတာတွေက များလာတော့ ငွေကြေးနဲ့ ပတ်သက်ပြီး အမြဲစိတ်ပျက်နေရတော့တယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ငွေကြေးကို သိဖို့လိုတယ်။ ဝင်ငွေနဲ့ ထွက်ငွေကို သတိထားဖို့လိုတယ်။
![]() |
ပုံ (၁) ဝင်ငွေနှင့်ထွက်ငွေ ညီမျှနေတဲ့အခြေအနေ |
ကျွန်တော်တို့ရဲ့ ဝင်ငွေနဲ့ ထွက်ငွေက ညီမျှနေတဲ့အချိန်မှာ ပြဿနာမဟုတ်သေးဘူး.. ထွက်ငွေသည် ဝင်ငွေကို မကျော်လွန်သေးတဲ့အတွက် သိပ်မစိုးရိမ်ရ သေးဘူး။ ငွေဝင်တယ် ဝင်တဲ့အတိုင်း ထွက်သွားတယ် မစုမိဘူး..
ဒါက နည်းနည်းတော်သေးတယ်….
![]() |
ပုံ (၂) ထွက်ငွေက ဝင်ငွေထက် များနေတဲ့အခြေအနေ |
ဒါပေမယ့် ထွက်ငွေက ဝင်ငွေကို ကျော်လွန်သွားတဲ့အခါ ပြဿနာရှိနေပြီ.. ဝန်ပိုဖြစ်နေပြီ။ ဒါဟာ ခေါင်းခဲစရာ ဖြစ်လာတော့မယ်… ထွက်ငွေက ဝင်ငွေကို ကျော်လွန်သွားတဲ့အတွက်လက်ထဲမှာ ဘာမှမကျန်တော့တဲ့အပြင် ပိုလွန်ပြီး ကုန်သွားတဲ့ငွေအတွက် တခြား နည်းလမ်း ရှာရတော့မယ်ဒီအတွက် ကြွေးမြီဆိုတာ ပါလာတဲ့အခါ
ပိုကုန်သွားတဲ့ ငွေအပြင်ကို ကြွေးမြီအတွက်ပါ ခေါင်းကိုက်ရပါတော့မယ်… လုံးဝ သတိထားရမယ့်အခြေအနေပါ..
![]() |
ပုံ (၃) ဝင်ငွေက ထွက်ငွေထက် များနေတဲ့ အခြေအနေ |
ဝင်ငွေက ထွက်ငွေထက် ကျော်လွန် များပြားနေရင်တော့ အကောင်းဆုံးပါပဲ ဒီအခြေအနေမှာပဲ ကျွန်တော်တို့ ငွေကြေးကို ထိန်းသိမ်းလို့ရမယ်.. စုဆောင်းလို့ရမယ်။ ကျန်းမာရေးအတွက် အနာဂတ်အတွက် အလုပ် အကိုင်အတွက်စတဲ့ အရာတွေအတွက် ငွေကြေးကို ဝင်ငွေက ထွက်ငွေထက်များပြားတဲ့ အခြေအနေမှာပဲ စုဆောင်းလို့ရမှာပါ…အဲဒီအခြေအနေမှာပဲ ငွေကြေးစုဆောင်းပြီး ရင်းနှီးမြှုပ်နှံမလား ကိုယ်ပိုင်လုပ်ငန်းလုပ်မလား ဒါမှမဟုတ် ကျွန်တောာ်တို့ ဘာလုပ်မလဲ စသဖြင့် စဉ်းစားလုပ်ဆောင်နိုင်ပါလိမ့်မယ်..နောက်ထပ် အကြောင်းက ပေးရန် / ရရန်ဆိုတာပါ။ ပေးရန်ရှိခြင်း (ဒါမှမဟုတ်) ရရန်ရှိခြင်းဆိုတာပေါ့။
ပေးရန်ရှိခြင်း (ဒါမှမဟုတ်) ရရန်ရှိခြင်
ပေးရန်ရှိခြင်းဆိုတာက အခွန်အခတွေ၊ နောက် ကျန်းမာရေးစရိတ်၊ မီတာခ၊ ခုခေတ်မှာ ရေလည်းဝယ်သောက်နေရပြီဆိုတော့ ရေခ၊ အိမ်ငှားနေရတဲ့အခါ အိမ်ငှားစရိတ်၊ တယ်လီဖုန်းဘီလ်အတွက် ကုန်ကျငွေ၊ ဖျားနာခြင်းအတွက် ဆေးရုံဆေးခန်းစတာတွေဟာ ပေးရန်ရှိတာတွေ ဖြစ်ပါတယ်။ ဥပမာ-ကျွန်တော် ဖုန်းတလုံး ဝယ်လိုက်တယ်ဆိုရင် အဲဒီဖုန်းအတွက် ကျွန်တော် ပိုက်ဆံသုံးလိုက်ရပြီ..နောက်ထပ်လည်း ဖုန်းဘီလ်တို့ ပျက်ရင်ပြင်ဖို့ ထပ်သုံးရဦးမှာပါ.. ဒါတွေဟာ ကျွန်တော်တို့ရဲ့ ပေးရန်ရှိခြင်း ပေးရမည့်ငွေတွေပါပဲ..
![]() |
ပုံ (၄) ပေးရန်ရှိခြင်းက ရရန်ရှိခြင်းတွေထက် များနေတဲ့ အခြေအနေ |
ရရန်ရှိခြင်းဆိုတာတွေကတော့ ကျွန်တော်တို့ရဲ့ ပိုင်မြေရှိလို့ အငှားချတာမျိုး ရင်းနှီးမြုပ်နှံထားခြင်းမျိုး၊ လခစားဆိုရင် လစာငွေ၊ ဘဏ်မှာ အပ်ထားနိုင်တယ်ဆိုရင် ဘဏ်တိုး၊ ကိုယ်ပိုင်လုပ်ငန်း လုပ်တယ်ဆိုရင် လုပ်ငန်းအမြတ်ငွေ စတာတွေဟာ ရရန်ရှိခြင်းတွေပါပဲ…ဒီနေရာမှ စပ်မိလို့ ပြောရရင် လုပ်ငန်းတစ်ခု လုပ်တယ်ဆိုပါတော့ ကျွန်တော် ၁၀ ရင်းလိုက်တယ် ၁၂ ကျပ်ပြန်ရတယ်.. ဒီအခါ အဲဒီ ၁၂ ကျပ်ကို ကျွန်တော်တို့က ကိုယ်ရတဲ့ငွေ ကိုယ့်ဝင်ငွေပဲဆိုပြီး သုံးပစ်လိုက်တယ်… တကယ်တော့ ဝင်ငွေက ၂ ကျပ်တည်းဖြစ်ပြီး ကျန်တဲ့ ၁၀ က ရင်းနှီးထားရတဲ့ငွေပါ။ အဲဒါကိုအကုန်သုံးလိုက်တဲ့အခါ လုပ်ငန်းငွေက သုံးတဲ့အထဲပါသွားတော့ လုပ်ငန်းကလည်း ငွေကြေးအကျပ်အတည်းနဲ့ ကြုံရပါတယ်။ ပေးရန်ရှိခြင်းနဲ့ ရရန်ရှိခြင်းအကြောင်းကို ပြန်ဆက်ရရင် ပေးရန်ရှိခြင်းထက်ကို ရရန်ရှိခြင်းတွေ များပြားနေဖို့ လိုအပ်ပါတယ်။
![]() |
ပုံ (၅) ရရန်ရှိခြင်းတွေက ပေးရန်ရှိခြင်းထက် များနေတဲ့အခြေအနေ |
ရရန်ရှိခြင်းထက် ပေးရန်ရှိခြင်းက များနေတဲ့အခါ ငွေကြေး ကျပ်အည်းနဲ့ ကြုံရတာပါပဲ..ပေးရန်ရှိတဲ့အရာတွေ ကျွန်တော်တို့လက်ထဲများများရောက်လာလေ ငွေကြေးပိုမိုလိုအပ်လေ ငွေကြေးအကျပ်အတည်းနဲ့ ကြုံရဖို့ နီးလေပါပဲ…ဒါကြောင့်မို့ ပေးရန်ရှိခြင်းထက် ရရန်ရှိခြင်းက များနေဖို့ရယ် ဝင်ငွေက ထွက်ငွေထက် မြင့်နေဖို့ရယ်ကို ကျွန်တော်တို့သတိပြုဖို့လိုတယ်.. ကိုယ့်ရဲ့ ငွေကြေး စီးဆင်းမှုအခြေအနေကို ဘဏ္ဍာရေးအနေအထားကို ဂရုစိုက်ဖို့လိုပါတယ်… ငွေဆိုတာ ရေလိုပဲ သတိမထားတဲ့အခါ လက်ထဲကနေ လျှောဆင်းသွားတတ်ပါတယ်..
သူရိန်
7.7.2019