ရေးထုံးကို မလိုက်နာမှု စံစနစ်ဆိုတာ မဖြစ်ခဲ့မီတုန်းက နိုင်ငံတော်အဆင့်သုံးစွဲတဲ့ ငွေကြေးမှာတောင် ရေးနည်းရေးထုံး မမှန် ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့၏ ရေးထုံးတွင် (နိုင်) တချောင်းငင်တပ်၍ ခြေတချောင်းသာ သုံးသည်။ စွယ်စုံကျမ်း (wikipedia) နှင့် ဝီရှင်နရီတွင်လည်း (နိုင်)အား ခြေတချောင်းဖြင့်သာ ပြသည်။ ငွေကြေးများတွင် (၁၀)ကျပ် (၁၀၀)ကျပ် (၂၀၀)ကျပ် (၅၀၀)ကျပ် (၁၀၀၀)ကျပ်နှင့် (၅၀၀၀)ကျပ်များတွင် (နိုင်)အား ခြေနှစ်ချောင်းတပ်၍ သုံးနှုန်းသည်ကို တွေ့ရပြီး ငွေဒင်္ဂါးတကျပ်နှင့် ကျပ်တကျပ်၊ (၇၅)ကျပ်၊ (၉၀)ကျပ်နှင့် ယခုသုံးစွဲသည့် ကျပ် (၁၀၀၀၀)တန်တွင်တော့ (နိုင်)ဟုသာ ခြေတချောင်းတည်းသုံးသည်ကို တွေ့ရသည်။









