Sunday, February 9, 2014

အိပ်ရာဝင်ပုံပြင်

အိပ်ရာဝင်ပုံပြင်

လှပတဲ့လရောင်အောက်မှာ
ဂစ်တာတစ်တစ်လက်နဲ့
သီချင်းဆိုတဲ့အခါ
မင်းက အနားမှာနားထောင်မယ်မဟုတ်လား

အေးချမ်းတဲ့ညရင်ခွင်မှာ
ပုံပြင်တွေနဲ့ ချော့သိပ်တဲ့အခါ
မင်းက အိပ်စက်မယ်မဟုတ်လား

စိတ်သာချပါ
မင်းအနားတစ်ဖဝါးမှမခွာ

ပန်းပွင့်တွေက အရောင်ရှိမှ

ကျေးငှက်တွေက လေရှိမှ

ငါးတွေက ရေရှိမှ

ငါ့အတွက်တော့ ဒီကမ္ဘာမှာ မင်းရှိမှ ရှင်သန်တတ်တာပါ

ဒီနေ့နဲ့ မနက်ဖြန်များစွာလည်း
ငါမင်းအနားမှာပဲရှိနေမှာကြောင့် အေးချမ်းတဲ့ဒီည မှေးမှိတ်လို့အိပ်
အိပ်မက်လှလှမက်ပါစေကွာ

No comments:

Post a Comment

There was an error in this gadget