Sunday, February 9, 2014

သတ္တိအရှိဆုံးအချိန် (ထီလာစစ်သူ)

သတ္တိအရှိဆုံးအချိန်
-------------------

လူသည်လျှင်
ကောင်းကင်လမ်းပေါက် လကိုရောက်၍။

လူဖြစ်လျှင်
ရေပြင်ကျော်ဖြတ် မြေကိုပတ်လျက်
နှံ့စပ်ဝန်းကျင် အောင်ပွဲဆင်၍

လူသည်လျှင်
တီထွင်ကြံဆ လူ့လောကတွက်
နေ့ညမပြတ် စက်ရဟတ်သို့
ထပ်ထပ်တည်ဆောက် အံ့သြလောက်ဘိ

လူဖြစ်လျှင်
မဖြစ်မနေ တပေပေပင်
ဇွတ်ပေဖြစ်ညှစ် အားမာန်သစ်သော
အဖြစ်တရား စွမ်းပကားသည်
လူသားကမ္ဘာ ဓမ္မတာတည်း။

လူသည်လျှင်
ငါလျှင်သူ့ထက် ငါသူ့ထက်ပင်
ထက်တောင်ကြိုးကြ ထိုကာလသည်
ဘ၀သတ္တိ မြင့်ဆုံးထိသော
အရှိဆုံးချိန် မဟုတ်သေး။

အပျက်တရား
ဘွားကနဲတွေ့ တစ်ကွေ့ဆိုင်စဉ်
အနိုင်မခံ ကြံ့ကြံ့ခံလျက်
မာန်ဖြင့်ရုန်းထ ထိုကာလသာ
ဘ၀သတ္တိအရှိဆုံးတကား။

ထီလာစစ်သူ

No comments:

Post a Comment

There was an error in this gadget